- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ရုရှားတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃,၀၀၀ ထက်မနည်း လေ့ကျင့်နေကြောင်း အမေရိကန်ပြော
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် မြောက်ကိုရီးယားမှနေ၍ ဗလာဒီဗော့စတော့ခ် ဆီသို့ သင်္ဘောဖြင့် ခရီးသွားရောက်ခဲ့ကြပြီး ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ ရုရှားစစ်တပ်လေ့ကျင့်ရေးနေရာ အများအပြားသို့ သွားရောက်ကာ လေ့ကျင့်လျက်ရှိသည်ဟု ဂျွန်ကာဘီက ပြောကြားသည်။
25 Oct 2024

DMG ၊ အောက်တိုဘာ ၂၅
မြောက်ကိုရီးယားသည် တပ်ဖွဲ့ဝင် ၃,၀၀၀ ထက်မနည်းကို ရုရှားသို့ စေလွှတ်ပို့ဆောင်ထားပြီး ယင်းတပ်ဖွဲ့ဝင်များမှာ ရုရှားတွင် လေ့ကျင့်နေကြောင်း အမေရိကန်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်ဟု AFP က ဖော်ပြထားသည်။
အမေရိကန်က အဆိုပါမြောက်ကိုရီးယား တပ်ဖွဲ့ဝင်များသည် ယူကရိန်းကို တိုက်ခိုက်နေသော တိုက်ပွဲတွင် ပါဝင်လာခဲ့ပါက ကိယက်ဗ်အတွက် တရားဝင်ပစ်မှတ်များသဖွယ် ဖြစ်သွားလိမ့်မည်ဟုလည်း ဆက်လက် သတိပေးသွားခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ယူကရိန်းစစ်ပွဲကာလအတွင်း ၎င်းတို့၏နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်ကို မြှင့်တင်ခဲ့ကြပြီး ပြုံးယမ်းသည် မော်စကိုစစ်တပ်ကို လက်နက်များ ထောက်ပံ့ပေးလျက်ရှိသည်ဟု ကာလရှည်ကြာ စွပ်စွဲခံထားရပြီလည်းဖြစ်သည်။
သို့သော် ရုရှားတပ်ဖွဲ့ဝင်များကို ထောက်ပံ့ရန်အတွက် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ခြင်းသည် ယင်းထောက်ပံ့မှုကို သိသာထင်ရှား ဖြစ်လာစေလိမ့်မည်ဖြစ်ပြီး အဆိုပါကိစ္စရပ်အတွက် ကိဗ်နှင့် ၎င်း၏အနောက်အုပ်စု ကျောထောက်နောက်ခံများဘက်က သတိပေးထားပြီးပြီလည်းဖြစ်သည်။
ယူကရိန်း၏ အနောက်အုပ်စု ကျောထောက်နောက်ခံများသည် ယူကရိန်းကို အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ထုတ်ချေးသွားမည်ဟု ဗုဒ္ဓဟူးနေ့က သီးခြားပြောကြားခဲ့သည်။
"အောက်တိုဘာလ အစောပိုင်းကနေ လလယ်လောက်အထိ မြောက်ကိုရီးယားက စစ်သား ၃,၀၀၀ ထက်မနည်းဟာ ရုရှားနိုင်ငံအရှေ့ပိုင်းကို ရွှေ့ပြောင်းခဲ့တယ်လို့ ကျွန်တော်တို့ အကဲဖြတ်ထားပါတယ်" ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် မြောက်ကိုရီးယားမှနေ၍ ဗလာဒီဗော့စတော့ခ် ဆီသို့ သင်္ဘောဖြင့် ခရီးသွားရောက်ခဲ့ကြပြီး ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ ရုရှားစစ်တပ်လေ့ကျင့်ရေးနေရာ အများအပြားသို့ သွားရောက်ကာ လေ့ကျင့်လျက်ရှိသည်ဟု ဂျွန်ကာဘီက ပြောကြားခဲ့သည်။
"ဒီစစ်သားတွေက ရုရှားစစ်တပ်နဲ့အတူ တိုက်ပွဲဝင်မှာလားဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး။ ဒါပေမဲ့ တကယ်လို့ ဒီမြောက်ကိုရီးယားစစ်သားတွေက ယူကရိန်းကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူတို့ဟာ တရားဝင် စစ်ဘက်ဆိုင်ရာပစ်မှတ်တွေ ဖြစ်လာပါလိမ့်မယ်" ဟု ဂျွန်ကာဘီက ပြောကြားခဲ့သည်။