- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်
ICBM ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုသည် မြောက်ကိုရီးယား၏ ဒေသတွင်း အခြေအနေနှင့် လုံခြုံရေးပိုင်းဆိုင်ရာတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် အရှိန်မြှင့်တင်ကာ ခြိမ်းခြောက်နေသော အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ကဲ့သို့သော ပြိုင်ဘက်များကို သတိပေးချက် ပေးပို့ရန် ရည်ရွယ်ကြောင်း ခေါင်းဆောင်ကင်မ်၏ ပြောကြားချက်ကို ကိုးကား၍ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)က ဖော်ပြထားသည်။
31 Oct 2024

DMG ၊ အောက်တိုဘာ ၃၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ပေးအပ်သော အမိန့်ညွှန်ကြားချက်အတိုင်း ယနေ့ မနက်ပိုင်းတွင် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး အဆိုပါစမ်းသပ်မှုသည် နိုင်ငံ၏ အင်အားအကြီးဆုံး ဗျူဟာမြောက် အဟန့်အတားဖြစ်သည်ဟု ယုံကြည်သည့်အကြောင်း မြောက်ကိုရီးယားက ယနေ့(ကြာသပတေးနေ့)တွင် ပြောကြားလိုက်သည်ဟု ရိုက်တာနှင့် ကျိုဒိုသတင်းတို့တွင် ဖော်ပြထားသည်။
ICBM ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုသည် မြောက်ကိုရီးယား၏ ဒေသတွင်း အခြေအနေနှင့် လုံခြုံရေးပိုင်းဆိုင်ရာတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် အရှိန်မြှင့်တင်ကာ ခြိမ်းခြောက်နေသော အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ကဲ့သို့သော ပြိုင်ဘက်များကို သတိပေးချက် ပေးပို့ရန် ရည်ရွယ်ကြောင်း ခေါင်းဆောင်ကင်မ်၏ ပြောကြားချက်ကို ကိုးကား၍ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)က ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည် ပစ်လွှတ်မှုကို အမေရိကန်စစ်တပ်က ပြစ်တင်ရှုတ်ချခဲ့ပြီး နောက်ထပ် တရားမဝင်သော၊ မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်များကို ရှောင်ကြဉ်ရန် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က ယနေ့(ကြာသပတေးနေ့)တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ သိရသည်။
မြောက်ကိုရီးယားသည် ICBM ဒုံးကျည်ကို ပစ်ခတ်ခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ထပ်မံချိုးဖောက်ခဲ့သည်ဟု တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီ (NSC) ကလည်း ယနေ့(ကြာသပတေးနေ့)တွင် ပြောကြားခဲ့သည်။