- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
အိန္ဒိယမှာ မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် ၄၀ ကျော်သေဆုံးပြီး ရာနှင့်ချီ ပိတ်မိ
နိုင်ငံခြားသား ခရီးသွားများ အများဆုံး လာရောက်လည်ပတ်ရာ နေရာများအနက် တစ်ခုဖြစ်သည့် ကီရာလာပြည်နယ် ဝါယာနာခရိုင်တွင် ယခုကဲ့သို့ ပြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
28 Jul 2024
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ လက်ဖက်စိုက်ခင်းများ တည်ရှိရာ ကီရာလာပြည်နယ်တွင် ယနေ့ (ဇူလိုင် ၃၀) မြေပြိုကျမှုများ ဖြစ်ပွားပြီး သေဆုံးသူစုစုပေါင်း ၄၄ ဦးထက်မနည်း ရှိကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
နိုင်ငံခြားသား ခရီးသွားများ အများဆုံး လာရောက်လည်ပတ်ရာ နေရာများအနက် တစ်ခုဖြစ်သည့် ကီရာလာပြည်နယ် ဝါယာနာခရိုင်တွင် ယခုကဲ့သို့ ပြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိုးသည်းထန်မှုများနှင့်အတူ တောင်နံရံများ ပြိုဆင်းကာ ညဉ့်အချိန်၌ အလုပ်သမားနေအိမ်များနှင့် ကျေးရွာများအပေါ် ရွှံ့များ ဖုံးလွှမ်းသွားခဲ့သည်။
ပြိုကျမှုဖြစ်ပွားရာ ဒေသတဝိုက်တွင် မိသားစုပေါင်း ၃၅၀ နီးပါး နေထိုင်ကြသည်။ လက်ရှိအချိန်အထိ သေဆုံးကြောင်း အတည်ပြုထားသူ ၄၄ ဦးရှိကာ လူပေါင်း ၂၅၀ ခန့်ကို ယာယီနေရာများသို့ ပြောင်းရွှေ့ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အမ်ဘီရာဂျက်က ပြည်တွင်းသတင်းဌာနတစ်ခုတွင် ဖြေကြားထားသည်။
အိန္ဒိယစစ်တပ်ကလည်း အဆိုပါဒေသသို့ တပ်ဖွဲ့ဝင် ၂၀၀ ကျော် စေလွှတ်ထားပြီး ပြည်နယ်လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
“လူရာပေါင်းများစွာ ပိတ်မိနေဆဲဟု ယူဆရသည်” ဟု စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။ မြေပြိုကျမှု ဖြစ်ပွားရာနေရာနှင့် အနီးဆုံးမြို့ကို ဆက်သွယ်ထားသည့် တံတားမှာလည်း ပြိုကျသွားသဖြင့် ယာယီတံတားတစ်ခု ဆောက်လုပ်နိုင်ရန် စစ်တပ်အင်ဂျင်နီယာများကို ခေါ်ယူထားသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။