သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာB-52 ဗုံးကြဲလေယာဉ်တွေ ဖြန့်ကျက်ထားဖို့ အမေရိကန်စီစဉ်နေ

ဗုံးကြဲလေယာဉ်တွေအတွက် သီးသန့်အဆောက်အဦတွေကို သြစတြေးလျနိုင်ငံမြောက်ဘက်နယ်မြေရဲ့မြို့တော် ဖြစ်တဲ့ဒါဝင်မြို့နဲ့ တောင်ဘက်ကီလိုမီတာ ၃၀၀ အကွာမှာရှိတဲ့ သြစတြေးလျလေတပ်ရဲ့ Tindal အခြေစိုက်စခန်းမှာတည်ဆောက်သွားမှာဖြစ်တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။

By Admin 01 Nov 2022

သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာB-52 ဗုံးကြဲလေယာဉ်တွေ ဖြန့်ကျက်ထားဖို့ အမေရိကန်စီစဉ်နေ

၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက်ကအရှေ့အလယ်ပိုင်းကိုဖြတ်ပြီးပျံသန်းလာတဲ့ B-52 တိုက်လေယာဉ်တစ်စင်း။ (ဓာတ်ပုံ - Reuters)

DMG | နိုဝင်ဘာ ၁

သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုမှာ နျူးကလီးယားလက်နက်တပ်ဆင်နိုင်တဲ့ B-52 ဗုံးကြဲလေယာဉ် ၆ စင်းအထိဖြန့်ကျက်ထားဖို့ အမေရိကန်ပြည်ထောင်စုကပြင်ဆင်နေတယ်လို့ ABC သတင်းဌာနကအောက်တိုဘာ ၃၁ ရက် တနင်္လာနေ့ကဖော်ပြလိုက်ပါတယ်။ အခုလိုအမေရိကန်ပြည်ထောင်စုရဲ့ပြင်ဆင်မှုကဘေဂျင်းနဲ့တင်းမာမှုတွေကိုပိုပြီးကြီးထွားလာစေမယ့်လှုပ်ရှားမှုတစ်ခုပါပဲ။

ဗုံးကြဲလေယာဉ်တွေအတွက် သီးသန့်အဆောက်အဦတွေကို သြစတြေးလျနိုင်ငံမြောက်ဘက်နယ်မြေရဲ့မြို့တော် ဖြစ်တဲ့ဒါဝင်မြို့နဲ့ တောင်ဘက်ကီလိုမီတာ ၃၀၀ အကွာမှာရှိတဲ့ သြစတြေးလျလေတပ်ရဲ့ Tindal အခြေစိုက်စခန်းမှာတည်ဆောက်သွားမှာဖြစ်တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးမှတ်ချက်တစ်စုံတစ်ရာပေးဖို့တောင်းဆိုပေမယ့် သြစတြေးလျကာကွယ်ရေးဝန်ကြီးရစ်ချတ် မာလီစ် ရဲ့ရုံးကချက်ချင်းတုန့်ပြန်တာမျိုးမရှိခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုကမြောက်ဘက်နယ်မြေရဲ့ ခြောက်သွေ့ရာသီဥတုအတွင်းအသုံးပြုဖို့အတွက် “တပ်ခွဲစစ်ဆင်ရေးဌာန”လို့ခေါ်တဲ့ အသေးစိတ်အစီအစဉ်တွေကိုရေးဆွဲထားပြီးအနီးပတ်ဝန်းကျင်မှာ ပြုပြင်ထိန်းသိမ်းရေးစင်တာတစ်ခုနဲ့ B-52 တိုက်လေယာဉ်တွေအတွက် ကားပါကင်နေရာတစ်နေရာလည်းရှိနေတယ်လို့ ABC က ဖော်ပြပါတယ်။

ခုလုပ်ရပ်ကတော့ ထိုင်ဝမ်ကိုတိုက်ခိုက်မယ့်အပေါ် စိုးရိမ်စိတ်တွေကြီးမားလာကြတာနဲ့အမျှ ဩစတြေးလျနိုင်ငံမှာ B-52 တိုက်လေယာဉ်တွေထားပြီးတရုတ်ပြည်မကြီးကိုတိုက်ခိုက်နိုင်ချေရှိတယ်လို့ ဘေဂျင်းကိုသတိပေးလိုက်တာမျိုးဖြစ်ပါလိမ့်မယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် New American Security စင်တာကအကြီးတန်းပုဂ္ဂိုလ် BeccaWasser က ABC ကိုပြောပါတယ်။

သြစတြေးလျမြောက်ဘက်နယ်မြေဟာအမေရိကန်ပြည်ထောင်စုနဲ့ မကြာခဏစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ကိုလက်ခံကျင်းပလေ့ရှိတဲ့နေရာတစ်ခုပါပဲ။ သမ္မတအိုဘာမားလက်ထက်မှာပထမဆုံးအကြိမ်စတင်ခဲ့ပြီး နှစ်စဉ် အမေရိကန်မရိန်းတပ်သားထောင်ပေါင်းများစွာဟာလေ့ကျင့်ရေးနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်းအမေရိကန်ပြည်ထောင်စုကဂူအမ်(Guam)မှာရှိတဲ့ သူတို့ရဲ့ အန်ဒါဆန်(Andersen) လေတပ်အခြေစိုက်စခန်းဆီကို B-52 ၄ စင်းတပ်ဖြန့်ခဲ့ပါတယ်။

ဗီဒီယိုများ