- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
- ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ
- သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
- ရုရှားနှင့်မြန်မာအကြား ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စာချုပ် ချုပ်ဆို
ပူတင်ရဲ့အနီးကပ်လူယုံ Prigozhin က အမေရိကန်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ဝန်ခံ
ရုရှားစီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို ပူတင်ရဲ့အနီးကပ်လူယုံလည်း ဖြစ်တဲ့ Yevgeny Prigozhin က သူ့အနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်းနဲ့ နောင်မှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အောက်တိုဘာလ ၇ ရက်နေ့က ဝန်ခံပြောကြားခဲ့ပါတယ်။ အခုလို ဝန်ခံမှုက အမေရိကန်နိုင်ငံရေးကို ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်နေသူတစ်ဦးဆီက ပထမဆုံးဝန်ခံမှုလည်း ဖြစ်ပါတယ်။
08 Nov 2022

ရုရှားသမ္မတပူတင်နှင့် Yevgeny Prigozhin။ (ဓာတ်ပုံ - AFP)
DMG | နိုဝင်ဘာ ၈
ရုရှားစီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို ပူတင်ရဲ့အနီးကပ်လူယုံလည်း ဖြစ်တဲ့ Yevgeny Prigozhin က သူ့အနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်းနဲ့ နောင်မှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အောက်တိုဘာလ ၇ ရက်နေ့က ဝန်ခံပြောကြားခဲ့ပါတယ်။ အခုလို ဝန်ခံမှုက အမေရိကန်နိုင်ငံရေးကို ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်နေသူတစ်ဦးဆီက ပထမဆုံးဝန်ခံမှုလည်း ဖြစ်ပါတယ်။
Facebook သဘောမျိုးသုံးတဲ့ ရုရှားနိုင်ငံရဲ့ Vkontakte (VK) မှာ Prigozhnin က “အမေရိကန် ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်ခဲ့ကြတယ်။ ဆက်ပြီးလည်း စွက်ဖက်နေဦးမှာပဲ။ “ကျွန်တော်တို့မှာ ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာထားတဲ့ ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်။ ဘယ်လို အသုံးချရမလဲဆိုတာကိုလည်း သိတယ်” လို့ မှတ်ချက်ပြုရေးသားထား ပါတယ်။
ပူတင်ရဲ့လူယုံဖြစ်သလို အစားအသောက်ကုမ္ပဏီလည်း ပိုင်ဆိုင်တဲ့ Prigozhin ဟာ ကရင်မလင်အတွက် ကန်ထရိုက်အဖြစ်လည်း လုပ်ကိုင်ပေးနေတာရှိတဲ့အတွက် သူ့ကို ပူတင်ရဲ့စားဖိုမှူးလို့လည်း လူတွေက ခေါ်ဆိုလေ့ရှိပါ တယ်။ သူ့ကို အမေရိကန်နိုင်ငံရေးကို ဩဇာလွှမ်းမိုးဖို့ကြိုးစားနေတဲ့ ရုရှားအခြေစိုက် “Troll Farms” ကို ထောက်ပံ့မှုနဲ့ တရားစွဲ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်မှာတော့ Prigozhin ရဲ့ “ အမေရိကန်ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ” အချက်အလက် တွေအတွက် ဒေါ်လာ ၁၀ သန်းချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သိပ်မကြာသေးခင်အချိန်အထိ Prigozhin က သူ့ကိုယ်ရေးအချက်အလက်တွေ လူထုဆီ မပြန့်ပွားအောင်ထိန်းသိမ်း ထားနိုင်ခဲ့ပေမယ့် ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းညံ့ဖျင်းမှုတွေကို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
သူဟာ ဆီးရီးယား၊ အာဖရိကနဲ့ ယူကရိန်းနိုင်ငံတို့မှာ လှုပ်ရှားနေတဲ့ ကရင်မလင် မဟာမိတ် Wagner ကြေးစားအုပ်စုကို တည်ထောင်သူဖြစ်ကြောင်း ဝန်ခံထားပါတယ်။ ပြီးခဲ့တဲ့သောကြာက စိန့်ပီတာစဘတ်မြို့မှာ ကာကွယ်ရေး နည်းပညာစင်တာ ဖွင့်လှစ်ခဲ့မှုဟာလည်း သူ့ရဲ့ စစ်ဘက်ဆိုင်ရာ အထောက်အထားနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။