တူရကီမှာ ဗုံးပေါက်ကွဲမှုကြောင့် ခြောက်ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရ

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့လယ် အစ်စတစ်ကယ်လ်ရိပ်သာလမ်းရှိ လူသွားလူလာများသော လမ်းတစ်ခုတွင် တနင်္ဂနွေနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦးသေဆုံးကာ ၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ တူရကီသမ္မတ တိုင်ရစ်အယ်ဒိုရန်က ထိုဗုံးပေါက်ကွဲမှုကို “အကြမ်းဖက်ဝါဒနှင့် သက်ဆိုင်သော အငွေ့အသက်”ဟု ခေါ်ဆိုခဲ့သည်။

By Admin 15 Nov 2022

တူရကီမှာ ဗုံးပေါက်ကွဲမှုကြောင့် ခြောက်ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရ

(ဓာတ်ပုံ - Reuters)

DMG ၊ နိုဝင်ဘာ ၁၅

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့လယ် အစ်စတစ်ကယ်လ်ရိပ်သာလမ်းရှိ လူသွားလူလာများသော လမ်းတစ်ခုတွင် တနင်္ဂနွေနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦးသေဆုံးကာ ၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ တူရကီသမ္မတ တိုင်ရစ်အယ်ဒိုရန်က ထိုဗုံးပေါက်ကွဲမှုကို “အကြမ်းဖက်ဝါဒနှင့် သက်ဆိုင်သော အငွေ့အသက်”ဟု ခေါ်ဆိုခဲ့သည်။

ပေါက်ကွဲမှုဖြစ်စေခဲ့သော ဗုံးတစ်လုံးကို ချန်ထားခဲ့သည့် သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆူလီမန်ဆိုလုက ပြောကြားခဲ့သည်ကို တနင်္လာနေ့တွင် နိုင်ငံပိုင် အန်နဒိုလု အေဂျင်စီ၏ အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော တွစ်တာအကောင့်၏ ဖော်ပြချက်အရသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သမိုင်းဝင် အစ်စတစ်ကယ်လ် ရိပ်သာလမ်းမှ ရာနှင့်ချီသော လူများ ထွက်ပြေးခဲ့ကြပြီး လူနာတင်ကားများနှင့် ရဲများ အပြေးအလွှား ဝင်ရောက်ခဲ့ကြသည်။ တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဗေးယိုလုခရိုင်ရှိ အဆိုပါဧရိယာသည် သီတင်းပတ်ကုန်တွင် ဈေးဝယ်သူများ၊ ခရီးသွားများနှင့် မိသားစုများဖြင့် ပုံမှန်အတိုင်း စည်ကားနေခဲ့ချိန်၌ ယခုကဲ့သို့ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းဌာနမှရရှိသော ဗီဒီယိုမှတ်တမ်းများအရ ညနေ ၄ နာရီ ၁၃ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပျက်အစီးများ လေထဲသို့လွင့်ထွက်သွား၍ လူအများအပြားသည် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ကြပြီး အချို့သောသူများမှာ ထိခိုက်မိ၍ လဲကျသွားသည်ကိုတွေ့ရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ဒုသမ္မတ ဖူယက်အုတ်တေးသည် အဆိုပါနေရာသို့ သွားရောက်ခဲ့ပြီး သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအရေအတွက်၏ နောက်ဆုံးသတင်းရရှိမှု အခြေအနေကို ပြောကြားပေးခဲ့ပြီး အဆိုပါကိစ္စကို အမြန်ဆုံး ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့သည်။

သေဆုံးသူများထဲတွင် အစိုးရဝန်ကြီးဌာနဝန်ထမ်းတစ်ဦးနှင့် သူ၏သမီးလည်း ပါဝင်သည်ဟု အာဏာပိုင်များက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ လူငါးဦးကို ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိပြီး ၎င်းတို့ထဲမှ နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သူကမျှ တာဝန်ခံ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အစ္စတန်ဘူလ်နှင့် အခြားတူရကီမြို့များသည် ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ဆက်တိုက်တိုက်ခိုက်မှုများအပါအဝင် ကာဒစ်ရှ်ခွဲထွက်ရေးသမားများ၊ အစ္စလာမ္မစ်စစ်သွေးကြွများနှင့် အခြားအုပ်စုများ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ရင်ဆိုင်နေရသည်။

ဗီဒီယိုများ