ယူကေ လက်ထောက်ဝန်ကြီးချုပ် နိုင်ထက်စီးနင်းပြုကျင့်မှု သတင်းများထွက်ပေါ်ပြီးနောက် ရာထူးမှနုတ်ထွက်

နိုင်ထက်စီးနင်းပြုကျင့်မှုများ ရှိခဲ့ကြောင့် စွပ်စွဲခံထားရသည့် ယူကေလက်ထောက်ဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်သည် ရာထူးမှ နုတ်ထွက်ကြောင်း သောကြာနေ့တွင် ကြေညာလိုက်သည်။

By Admin 22 Apr 2023

ရာထူးမှနုတ်ထွက်သွားသော လက်ထောက်ဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်။ ဓာတ်ပုံ - AFP
ရာထူးမှနုတ်ထွက်သွားသော လက်ထောက်ဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်။ ဓာတ်ပုံ - AFP

နိုင်ထက်စီးနင်းပြုကျင့်မှုများ ရှိခဲ့ကြောင့် စွပ်စွဲခံထားရသည့် ယူကေလက်ထောက်ဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်သည် ရာထူးမှ နုတ်ထွက်ကြောင်း သောကြာနေ့တွင် ကြေညာလိုက်သည်။

လာမည့်နှစ်ပတ်ခန့်အတွင်း ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေပြီး ကွန်ဆာဗေးတစ်များ ရှုံးနိမ့်မည်ဟု ခန့်မှန့်ထားကြရာ ရက်ဘ်၏ နုတ်ထွက်မှုသည် ဝန်ကြီးချုပ် ရစ်ရှီဆူနပ်အတွက်လည်း ခေါင်းခဲစရာ အခြေအနေဖြစ်သည်။

ရှေ့နေဟောင်းတစ်ဦးဖြစ်သူ ဒေါမနစ်ရက်ဘ်သည် ၎င်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများအပေါ် နိုင်ထက်စီးနင်း ပြုကျင့်မှုများ ရှိခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ ရက်ဘ်ကမူ အစိုပါစွပ်စွဲချက်အပြင် လုပ်ဖော်ကိုင်ဖက်များအပေါ် ဗိုလ်ကျလွန်းသည် ဆိုသော စွပ်စွဲချက်များကိုပါ ငြင်းပယ်ခဲ့သည်။

ရက်ဘ်သည် ၎င်းအပေါ်စွပ်စွဲထားသည့် အချက်အလက်များ ပြစ်မှုထင်ရှားပါက ရာထူးမှ နုတ်ထွက်မည်ဟု ကတိပေးထားသူဖြစ်သည်။ စွပ်စွဲချက်အများစု၌ ၎င်းအနေဖြင့် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ရှိခဲ့သော်လည်း ရက်ဘ်က ရှေ့နေများဦးဆောင်သည့် အဆိုပါစုံစမ်းစစ်ဆေးမှုအပေါ် ဝေဖန်ပြောကြားခဲ့သည်။

“စစ်ဆေးမှုရဲ့ ရလဒ်ကို လက်ခံဖို့ တာဝန်ရှိတယ်လို့ ခံစားရတဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကို စွပ်စွဲချက်တွေထဲက နှစ်ချက်ပဲလက်ခံပြီး ကျန်တဲ့အချက်အားလုံးကို ကျွန်တော်ပယ်ချပါတယ်” ဟု သူကပြောကြားသည်။

“တွေ့ရှိချက်နှစ်ရပ်မှာလည်း စစ်ဆေးရာမှာ လိုအပ်ချက်တွေ ရှိနေပြီး ကောင်းမွန်တဲ့အစိုးရတစ်ရပ်ရဲ့ လုပ်ရပ်တွေအတွက် အန္တရာယ်ကြီးတဲ့ အစဉ်အလာတစ်ရပ် ဖြစ်သွားစေနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုလည်း ဒေါမနစ်ရက်ဘ်က ပြောသည်။

ဒေါမနစ်သည် ယခင်က ဘရက်ဇစ်ဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ရာထူးများကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ သို့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့သိမ်းပိုက်ချိန်၌ ၎င်းသည် အားလပ်ရက်အနားယူမှုမှ မလာဘဲနေသည်ဟု ဝေဖန်ခံခဲ့ရပြီးနောက် ရာထူးပြောင်းရွှေ့ခဲ့သည်။

ဗီဒီယိုများ