- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
- ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ
- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီး ပေထုံတန်ရှင်နာဝပ်ထရာကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်
ရှင်နာဝပ်ထရာ မိသားစုတွင် သက်ဆင်ရှင်နာဝပ်ထရာ၊ သူ၏ ညီမ ယင်လတ်ရှင်နာဝပ်ထရာပြီးလျှင် ယခု သက်ဆင်သမီး ပေထုံတန်ရှင်နာဝပ်ထရာသည် ဝန်ကြီးချုပ်ရာထူးကို တတိယမြောက် ထမ်းဆောင်သူ ဖြစ်သည်။
16 Aug 2024

ဖွေထိုင်းပါတီ၏ ခေါင်းဆောင်ဖြစ်သလို ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးလည်း ဖြစ်သူ ပေထုံတန် ရှင်နာဝပ်ထရာအား ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ထိုင်းလွှတ်တော်က ယနေ့ (သြဂုတ် ၁၆) အတည်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖွေထိုင်းပါတီက သူမအား ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုတင်သွင်းခဲ့ပြီးနောက် ယနေ့ကျင်းပသော လွှတ်တော်တွင် ထောက်ခံမဲ ၃၁၉ မဲဖြင့် ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာသည့် ပေထုံတန်သည် အသက် ၃၇ နှစ်ရှိသဖြင့် ထိုင်းနိုင်ငံ၏ သမိုင်းတွင် အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်သည်။
ရှင်နာဝပ်ထရာ မိသားစုတွင် သက်ဆင်ရှင်နာဝပ်ထရာ၊ သူ၏ ညီမ ယင်လတ်ရှင်နာဝပ်ထရာပြီးလျှင် ယခု သက်ဆင်သမီး ပေထုံတန်ရှင်နာဝပ်ထရာသည် ဝန်ကြီးချုပ်ရာထူးကို တတိယမြောက် ထမ်းဆောင်သူ ဖြစ်သည်။
ပေထုံတန်၏ ရှေ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရက်သာသာဗီဆင်သည် ရာဇဝတ်မှု နောက်ကြောင်းရှိသူ တစ်ဦးကို အစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့်အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။