- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
မြန်မာကို အကူအညီပေးရန် ကုလအထူးကိုယ်စားလှယ်က ထိုင်းနိုင်ငံကို အကူအညီတောင်း
မြန်မာ့အကျပ်အတည်းကြီး ပိုမိုဆိုးရွားမလာအောင် ထိုင်းနိုင်ငံက ကူညီပေးရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက တနင်္လာနေ့တွင် တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Jan 2022

မြန်မာ့အကျပ်အတည်းကြီး ပိုမိုဆိုးရွားမလာအောင် ထိုင်းနိုင်ငံက ကူညီပေးရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက တနင်္လာနေ့တွင် တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးလာရသော ဒုက္ခသည်များအား ထိုင်းအစိုးရအနေဖြင့် လက်ခံပြီး အကာအကွယ်ပေးရန်လည်း သူမက တောင်းဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် တွေ့ဆုံခဲ့ပြီး မြန်မာဘက်က စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးရန်နှင့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်အား မြန်မာစစ်အုပ်စုက လိုက်နာလာရေးအတွက် ဖိအားပေးရန် ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့သည်။
“အခုတည်းက မတည်မငြိမ်ဖြစ်နေတဲ့ နယ်စပ်မှာ ထပ်တိုး မငြိမ်မသက်မှုတွေ ပြုံကျလာပြီး မြန်မာ့အကျပ်အတည်းကြီး ပိုမိုဆိုးရွားမသွားအောင် ကာကွယ်ရေးမှာ ထိုင်းဝန်ကြီးချုပ်ဟာ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်” ဟု နိုလင်းဟေဇာ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာစစ်တပ်သည် ၎င်းအပေါ် ဝေဖန်မှုများ မရှိသည့် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်အနေအထား ရှိနေပြီး အကယ်၍သာ စစ်တပ်ဘက်က အတိုက်အခံများအပေါ် စစ်ဆင်ရေး အပြင်းအဆန် ဆောင်ရွက်လာပါက ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထိုင်းနိုင်ငံတွင်းသို့ ပြေးဝင်ရဖွယ် ရှိနေသည်။
၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ပရာယုချန်အိုချာက မြန်မာ့ပြဿနာသည် ရှုပ်ထွေးသဖြင့် မြန်မာခေါင်းဆောင်များနှင့် နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်ပြီး ဖြည်းဖြည်းချင်း ဖြေရှင်းသွားရမည့်အရေး ဖြစ်သည်ဟု ပြောကြားသည်။
ထိုင်းနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီပေးရေး နေရာတစ်ခု ရှိထားပြီး ဒုက္ခသည်များသည် မိမိသဘောဆန္ဒအရ ပြန်လိုမှသာ ပြန်နိုင်ကြောင်း နိုလင်းဟေဇာအား ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါနေရာအား မိမိတို့ ဝင်ရောက်ခွင့် မရကြောင်း နိုင်ငံတကာအဖွဲ့အစည်းအများအပြားက ရိုက်တာသတင်းဌာနကို ဖြေကြားကြသည်။
ထိုင်းအစိုးရ ပြောခွင့်ရ ရက်ရှာဒါသာနာဒီရက်ကမူ ဝင်ခွင့်မရမှုအပေါ် မှတ်ချပေးရန် ငြင်းဆန်ပြီး ထိုင်းနိုင်ငံသည် အကူအညီများအား နိုင်ငံတကာ လူသားချင်းစားနာထောက်ထားရေး စည်းမျှဉ်းစည်းကမ်းများနှင့် အညီ ပေးအပ်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။