- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံတွင် ယနေ့အစောပိုင်းက ဘာလီကျွန်းသို့ သွားရောက်သည့် ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သည့်အတွက် သေဆုံးသူ ၄ ဦးထက်မနည်းရှိကာ ၃၀ နီးပါး ပျောက်ဆုံးနေကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Jul 2025

အင်ဒိုနီးရှားနိုင်ငံတွင် ယနေ့အစောပိုင်းက ဘာလီကျွန်းသို့ သွားရောက်သည့် ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သည့်အတွက် သေဆုံးသူ ၄ ဦးထက်မနည်းရှိကာ ၃၀ နီးပါး ပျောက်ဆုံးနေကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အရှေ့ဂျာဗားခရိုင် ဗန်ယူဝန်ဂီဆိပ်ကမ်းမှ ထွက်ခွာလာသည့် အဆိုပါသင်္ဘောသည် နာရီဝက်ခန့်အကြာ၌ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ ကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးနေသူများကို ရှာဖွေနေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
သင်္ဘောသည် လိုင်းလေပြင်းထန်ပြီး ရာသီဥတု ဆိုးရွားသည့်အတွက် နစ်မြုပ်ခဲ့ရခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရအဖွဲ့အတွင်းဝန် တက်ဒီအင်ဒရာ ဝီဂျာယာက သတင်းထုတ်ပြန်ထားသည်။
"သင်္ဘောက ရုတ်ခြည်း စောင်းပြီး မြုပ်သွားတာ" ဟု အသက်ရှင်ကျန်ရစ်သည့် ခရီးသည်တစ်ဦးက ပြောကြားသည်။
လက်ရှိအထိ ၃၁ ယောက်ကို ကယ်ဆယ်ရရှိထားသည်ဟု အင်ဒိုနီးရှား အမျိုးသားရှာဖွေကယ်ဆယ်ရေးဌာန အကြီးအကဲ မိုဟာမက်ဆီယာဖီက ပြောကြားထားသည်။ "လေးယောက် သေဆုံးပြီး ပျောက်ဆုံးသူ အယောက် ၃၀ ကို ရှာဖွေနေဆဲ ဖြစ်ပါတယ်" ဟု သတင်းစာရှင်းလင်းပွဲ၌ မိုဟာမက်ဆီယာဖီက ပြောသည်။
သင်္ဘောပေါ်၌ ခရီးသည် ၅၃ ဦး၊ သင်္ဘောဝန်ထမ်း ၁၂ ဦးနှင့်အတူ ယာဉ် ၂၂ စီး ပါသွားသည်ဟု သတင်းတွင် ဖော်ပြသည်။ ခရီးသည်များ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ချက် မရှိသေးသော်လည်း Metro TV သတင်းဌာနက ဖော်ပြခဲ့သည့် ခရီးသည်စာရင်းအရ နိုင်ငံခြားသားများ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။
ခရီးသည်စာရင်းတွင် မပါဝင်ဘဲ သင်္ဘောပေါ်၌ လိုက်ပါသွားသူများ ရှိ၊မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့ဝင်များက ပြောကြားထားသည်။