- ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ
- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
"အဆင့်မြင့် နည်းပညာဖြင့် စက်ရုံများ တည်ဆောက်ရာ၌ နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွမှု ဘေးကင်းရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်သွားမည်" ဟု ဗီယက်နမ်ခေါင်းဆောင် တိုလမ်းက ကြေညာချက်တွင် ပြောကြားထားသည်။
12 May 2025

ဗီယက်နမ်နိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံများ ဆောက်လုပ်ရေးအတွက် နှစ်နိုင်ငံအကြား မြန်မြန်ဆန်ဆန် ဆွေးနွေးညှိနှိုင်းပြီး လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြကြောင်း ရုရှားနှင့် ဗီယက်နမ်တို့က မေလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"အဆင့်မြင့် နည်းပညာဖြင့် စက်ရုံများ တည်ဆောက်ရာ၌ နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွမှု ဘေးကင်းရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်သွားမည်" ဟု ဗီယက်နမ်ခေါင်းဆောင် တိုလမ်းက ကြေညာချက်တွင် ပြောကြားထားသည်။
ဗီယက်နမ်သည် ၎င်း၏ နျူကလီးယားစက်ရုံ တည်ဆောက်ရေး အစီအစဉ်များကို ရပ်ဆိုင်းထားသည်မှာ ဆယ်စုနှစ် တစ်ခုခန့် ရှိနေပြီဖြစ်သည်။
လက်ရှိ၌ နိုင်ငံတွင်း မြန်မြန်ဆန်ဆန် ကြီးထွားလာနေသည့် စီးပွားရေးကဏ္ဍကို အထောက်အကူပေးရန်အတွက် ဓာတ်အားပေး စက်ရုံများ ဆောက်လုပ်ရေးကို တကျော့ပြန် စတင်လာခြင်း ဖြစ်သည်။
နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ အမေရိကန်အပါအဝင် နိုင်ငံခြား မဟာမိတ်များနှင့် ဆွေးနွေးသွားမည်ဟု အစိုးရက ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဗီယက်နမ်နှင့် ရုရှားတို့သည် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍအတွက်လည်း အရှိန်မြှင့် ဆောင်ရွက်ရန် ဆွေးနွေးသဘောတူခဲ့ပြီး ဤသဘောတူညီချက်၌ ရုရှားမှ ရေနံစိမ်းနှင့် ဓာတ်ငွေ့အရည်ကို ဗီယက်နမ်သို့ တင်ပို့ရေးလည်း ပါဝင်သည်။
ထို့အပြင် နှစ်ဘက်ပိုင် စွမ်းအင်ကုမ္ပဏီများအား နှစ်နိုင်ငံ ပိုင်နက်နယ်မြေများ၌ အပြန်အလှန် လုပ်ငန်းတိုးချဲ့သွားရန်လည်း ဆွေးနွေးကြမည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။