- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
တပ်မတော်သတင်းမှန် ပြန်ကြားရေး စာမျက်နှာအား ဖေ့စ်ဘုတ်က ဖယ်ရှား
မြန်မာစစ်တပ်၏ သတင်းအချက်အလက်များ ဖြန့်ချိနေသည့် ပင်မဖေ့စ်ဘုတ်စာမျက်နှာအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖေ့စ်ဘုတ်ပလက်ဖောင်းမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Feb 2021

မြန်မာစစ်တပ်၏ သတင်းအချက်အလက်များ ဖြန့်ချိနေသည့် ပင်မဖေ့စ်ဘုတ်စာမျက်နှာအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖေ့စ်ဘုတ်ပလက်ဖောင်းမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အကြမ်းဖက်မှုပေါ်အောင်အောင် လှုံ့ဆော်မှုများအား အားမြစ်သည် စည်းကမ်းများအား အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာအား ဖေ့စ်ဘုတ်က ကမ္ဘာလုံးဆိုင်ရာ မူဝါဒများနှင့်အညီ ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ဖေ့စ်ဘုတ်ကိုယ်စားလှယ်တစ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေ့စ်ဘုတ်ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ခေါင်းဆောင် ၁၉ ဦးအပါအဝင် တပ်မတော်နှင့် ဆက်စပ်နေသည့် စာမျက်နှာ ရာပေါင်းများစွာကို ဖယ်ရှားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကလည်း တပ်မတော်နှင့် ဆက်စပ်နေသည့် အကောင့် ၇၀ ခန့်အား ဖြုတ်ချခဲ့သည်။ ထိုအကောင့်များသည် တပ်မတော်အကြောင်းကို အမွမ်းတင်ရေးသားသည့် စာများ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဝေဖန်ရေးသားမှုများ ဆောင်ရွက်နေသည့် အကောင့်များဖြစ်ကြောင်း ဖေ့စ်ဘုတ်က ထုတ်ပြန်ခဲ့သည်။