- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
"ကျွန်တော်တို့ရဲ့ လက်နက်တွေကို နေတိုးဆီပို့မယ်။ နေတိုးက ဒီလက်နက်တွေကို ယူကရိန်းကိုပေးမယ်။ ဒီလက်နက်တွေအတွက် ကျသင့်ငွေကို နေတိုးက အပြည့်အဝ ပေးချေရမယ်" ဟု ဇူလိုင်လ ၁၀ ရက်နေ့က NBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းသည့် အစီအစဉ်၌ သမ္မတထရမ့်က ပြောသည်။
11 Jul 2025

ယူကရိန်းအတွက် ထောက်ပံ့နေသည့် လက်နက်များအား နေတိုးအဖွဲ့မှတစ်ဆင့် ပေးအပ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"ကျွန်တော်တို့ရဲ့ လက်နက်တွေကို နေတိုးဆီပို့မယ်။ နေတိုးက ဒီလက်နက်တွေကို ယူကရိန်းကိုပေးမယ်။ ဒီလက်နက်တွေအတွက် ကျသင့်ငွေကို နေတိုးက အပြည့်အဝ ပေးချေရမယ်" ဟု ဇူလိုင်လ ၁၀ ရက်နေ့က NBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းသည့် အစီအစဉ်၌ သမ္မတထရမ့်က ပြောသည်။
နေတိုးအတွက် မည်သည့်လက်နက်များ ပို့ပေးမည်ကို ထရမ့်အစိုးရက စိစစ်ရွေးချယ်မည်ဖြစ်ပြီး လက်နက်များ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရှိနိုင်သည်ဟု ရင်းမြစ်တစ်ခုက ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ လက်ရှိအချိန်အထိ အမေရိကန်က ယူကရိန်းအတွက် ပေးပို့နေသော လက်နက်များသည် ယခင်သမ္မတ ဘိုင်ဒန်လက်ထက်တည်းက သဘောတူ ခွင့်ပြုခဲ့သည့် လက်နက်များ ဖြစ်သည်။
"ရုရှားနဲ့ ပတ်သက်ပြီး ကြေညာချက်ကြီးကြီးတစ်ခု တနင်္လာနေ့မှာ ထုတ်ပြန်ဖြစ်မယ် ထင်တယ်" ဟု လည်း NBC သတင်းဌာနသို့ သမ္မတထရမ့်က ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း သမ္မတထရမ့်သည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်နှင့် ပတ်သက်ပြီး စစ်ပွဲရပ်တန့်ရန် နှောင့်နှေးနေသည့်အပေါ် မကျေနပ်မှုများ ပြသနေခဲ့သည်။ ထရမ့်သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း ယူကရိန်း၏ ရုရှားကျူးကျော်စစ်အား ခုခံတွန်းလှန်မှုကို ကူညီရန်အတွက် လက်နက်များ ပိုမို ပို့ပေးမည်ဟု ပြောကြားခဲ့သည်။
လတ်တလော ကျင်းပခဲ့သည့် ရောမကွန်ဖရင့်၌ တက်ရောက်လာသည့် နိုင်ငံများက ယူကရိန်း ပြန်လည်တည်ဆောက်ရေး အတွက် ယူရိုငွေ ၁၀ ဘီလျံ (ကန်ဒေါ်လာ ၁၂ ဘီလျံ) ထောက်ပံ့ရန် သဘောတူညီခဲ့ကြကြောင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက ပြောကြားထားသည်။