- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
မလေးရှားသည် နိုင်ငံတွင်း စိုက်ပျိုးရေး၊ စက်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပြည်ပအလုပ်သမားများကို အဓိက မှီခိုနေရပြီး မလေးရှားတွင် လာရောက် လုပ်ကိုင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အရေအတွက်သည် နှစ်စဉ် ထောင်ပေါင်းများစွာ ရှိသည်။
04 Jul 2025

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအကြား အိုင်အက်စ် (IS) အတွေးအခေါ်များကို ဆိုရှယ်မီဒီယာမှ တစ်ဆင့် ဖြန့်ဝေနေသည့် ကွန်ရက်တစ်ခုကို ဖြိုခွင်းလိုက်ကြောင်း မလေးရှားအာဏာပိုင်များက ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဧပြီလမှစ၍ ဆောင်ရွက်နေသည့် စီမံချက်များအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၆ ဦးအထိ အာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲမှူး ခါလစ် အစ္စမေးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
မလေးရှားသည် နိုင်ငံတွင်း စိုက်ပျိုးရေး၊ စက်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပြည်ပအလုပ်သမားများကို အဓိက မှီခိုနေရပြီး မလေးရှားတွင် လာရောက် လုပ်ကိုင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အရေအတွက်သည် နှစ်စဉ် ထောင်ပေါင်းများစွာ ရှိသည်။
ယခု ဖြိုခွင်းလိုက်သည့် ကွန်ရက်သည် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများကို ပစ်မှတ်ထားပြီး လူသစ်စုဆောင်းနေခြင်း ဖြစ်ကာ ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းစာပို့ ပလက်ဖောင်းများကို အသုံးပြုပြီး အစွန်းရောက် အတွေးအခေါ်များ ဖြန့်ချိခဲ့ကြသည်ဟု ခါလစ်က ရဲထောက်လှမ်းရေး အစီရင်ခံစာကို ကိုးကားပြီး ပြောကြားသည်။
၎င်းတို့သည် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများကို အသုံးပြုကာ ဆီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမစ်နိုင်ငံတော် (IS) အဖွဲ့များထံ ရန်ပုံငွေများ ပေးပို့ခဲ့သည်ဟုလည်း ခါလစ်က ပြောသည်။ ငွေပမာဏ မည်မျှအထိရှိသည်ကိုမူ သူက မပြောပေ။
ကွန်ရက်တွင် ပါဝင် ပတ်သက်နေသူ စုစုပေါင်း ၁၀၀ နှင့် ၁၅၀ အကြားရှိမည်ဟု ခန့်မှန်းရကြောင်းလည်း ခါလစ်ကပြောသည်။ "ပါဝင်ပတ်သက်မှု နည်းသူတွေကို သူ့နိုင်ငံဆီ ပြန်ပို့မှာဖြစ်ပြီး ပတ်သက်မှု များသူတွေကိုတော့ မလေးရှားဥပဒေနဲ့ အရေးယူသွားမှာပါ" ဟု သူက ပြောကြားသည်။