ကျောက်တော်ဒေသခံတစ်ဦး မိုင်းထိမှန်ပြီး ပြင်းထန်ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာမှာ ယနေ့(ဇူလိုင် ၁ ရက်)၊နေ့လယ် ၁ နာရီ ကျော်ခန့်က နွားရှာသွားသည့် ဒေသခံတစ်ဦး မှိုင်းထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိသွားကာ အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု သိရ သည်။

01 Jul 2022

ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာမှ မိုင်းထိလူနာအား ကျောက်တော်ဆေးရုံသို့ သယ်ဆောင် လာစဉ်။ ဓာတ် ပုံ-CJ

DMG ၊ ဇူလိုင် ၁

ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာမှာ ယနေ့(ဇူလိုင် ၁ ရက်)၊နေ့လယ် ၁ နာရီ ကျော်ခန့်က နွားရှာသွားသည့် ဒေသခံတစ်ဦး မှိုင်းထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိသွားကာ အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု သိရ သည်။

မှိုင်းထိမှန်သူမှာ အသက် ၄၀ ကျော်အရွယ် ဦးသန်းစိန်မောင်ဖြစ်ပြီး ကျေးရွာနှင့်တစ်မိုင်ကျော် ကွာဝေးသည့် လယ်ပြင်တွင် နွားရှာသွားစဉ် မှိုင်းထိမှန်ခဲ့ပြီး ခြေထောက်နှစ်ဖက်မှာ  ပြင်းထန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်ဟု ဆွေးမျိုး တော်စပ်သူ  ဦးဝင်းတင်က DMG ကိုပြောသည်။

“ တဲနှင့်နည်းနည်းဝေးတယ်။အဲဒီမှာ ပတ်ပြီးတော့ နွားရှာသွားနေတဲ့အခါ ရထားလမ်းအနီးမှာ မှိုင်းနှင်းမိသွား တာပါ။ဒဏ်ရာကတော့ခြေထောက်နှစ်ချောင်းမှာညာဖက်ခြေထောက်ပြတ်ထွက်သွားပါတယ်။နောက်တစ်ချောင်းက ပြင်းထန်ဒဏ်ရာရသွားပါတယ်။  လောလောဆည်အသက်အန္တရာယ်တော့ ပြောလို့မရသေးဘူး။ အရင်တုန်း ကလည်း ဒီလမ်းမှာ အမြဲတမ်းသွားနေကြပါ။ အဲဒီအနီးမှာ တပ်ရင်း ၃၇၅ ရှိပါတယ် ။အခုလို ဖြစ်သွားတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်  ”ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ ဒဏ်ရာရရှိသူကို ကျောက်တော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်းပလက်ဝမြို့နယ်၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ ဟင်းရှာသွားသည့် အမျိုးသမီးနှစ်ဦး မိုင်းနှင်းမိပြီးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။အလားတူ ဇွန်လ ၁၂ ရက်နေ့က မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင် စခန်းမှ အမျိုးသားနှစ်ဦး တောင်ပေါ်သို့မျှစ်ချိုးရန် သွားစဉ် မိုင်းနှင်းပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ပလက်ဝ၊မြေပုံ၊ ရသေ့တောင်တို့ မိုင်းနင်းမိမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိမှုရှိခဲ့သည်။

ဗီဒီယိုများ