- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
မိုင်းနင်းမိ၍ ပလက်ဝဒေသခံတစ်ဦး ဒဏ်ရာရ
အသက် ၁၈ နှစ်အရွယ် မောင်သိန်းစိုးမှာ စစ်ကောင်စီတပ် စခန်းချခဲ့သည့် လိပ်ခေါင်းဗျူဟာအနီးရှိ ဉယျာဉ်ခြံသို့ သွားရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
18 Apr 2024

DMG ၊ ဧပြီ ၁၈
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဧပြီလ ၁၇ ရက် ညနေပိုင်းက စစ်ကျန်မိုင်းပေါက်ကွဲပြီး အရပ်သားတစ်ဦး ဘယ်ဘက်ခြေထောက် ပြတ်ထွက်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ် မောင်သိန်းစိုးမှာ စစ်ကောင်စီတပ် စခန်းချခဲ့သည့် လိပ်ခေါင်းဗျူဟာအနီးရှိ ဉယျာဉ်ခြံသို့ သွားရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
မိသားစုဝင်တစ်ဦးက “ကျနော်တို့ စစ်ဘေးရှောင်နေတာ လေးနှစ်ကျော်နေပြီ။ အခုက ပလက်ဝကို AA က သိမ်းထားပြီဖြစ်လို့ အိမ်ပြန်ပြီး ဉယျာဉ်ခြံတွေကို ရှင်းလင်းရေးသွားလုပ်တာမှာ မိုင်းထိတာ” ဟု ပြောသည်။
မောင်သိန်းစိုးနှင့် မိသားစုဝင်များမှာ ၂၀၂၀ တိုက်ပွဲကာလမှစ၍ ကျောက်တော်မြို့နယ်၊ ညောင်းချောင်း စစ်ဘေးရှောင်စခန်းတွင် ၄ နှစ်ကြာ စစ်ဘေးရှောင်နေထိုင်ခဲ့ပြီး လက်ရှိတွင် မိမိနေရပ်သို့ ပြန်သွားခြင်း ဖြစ်သည်။
အလားတူ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာတွင်လည်း ဧပြီ ၁၃ ရက်က စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ၁၁ နှစ်အောက် ကလေးငယ် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
“စစ်ကျန်လက်နက် ပေါက်ကွဲပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ဆောင်တာတွေ ပိုပြီးလိုအပ်တယ်။ ကလေးငယ်တွေက ဘာမှမသိဘူး” ဟု ရခိုင်အရပ်ဘက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။