နိုင်ငံရေးအခြေနေကြောင့် ယာယီပိတ်ထားရသည့်ဘဏ်များကို မနက်ဖြန် ပြန်လည်ဖွင့်လှစ်မည်

နိုင်ငံရေးအခြေနေကြောင့် ယာယီပိတ်ထားရသည့်ဘဏ်များကို တိုင်းဒေသကြီးအလိုက် လိုအပ်သည့်လုံခြုံရေးအစီအစဉ်များရယူ၍ မနက်ဖြန် မတ်လ ၈ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

07 Mar 2021

DMG ၊ မတ် ၇

နိုင်ငံရေးအခြေနေကြောင့် ယာယီပိတ်ထားရသည့်ဘဏ်များကို တိုင်းဒေသကြီးအလိုက် လိုအပ်သည့်လုံခြုံရေးအစီအစဉ်များရယူ၍ မနက်ဖြန် မတ်လ ၈ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ဘဏ်များအနေဖြင့် ဘဏ်ခွဲများအပြည့်အဝ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် Customer များမှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများရယူရာတွင် အခက်အခဲများဖြစ်ပေါ်နေခြင်း၊ နိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုလုပ်ငန်းတွင် နှောင့်နှေးကြန့်ကြာမှု စသည့် အခက်အခဲများ မရှိစေရေးအတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ရတနာဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ တနင်္လာနေ့ ဘဏ်ဖွင့်မယ်ပေါ့နော်။ ဘဏ်ဖွင့်တယ်ဆိုပေမဲ့လည်း အရင်တုန်းကလို ငွေကိုလိုသလောက် ထုတ်ပေးနိုင်မှာလား မထုတ်ပေးဘူးလား ဆိုတာတော့ မသိဘူး။ ဘယ်လို ပုံစံမျိုးနဲ့ လုပ်ဆောင်သွားမှာလဲဆိုတာ မသိရသေးဘူး။ Percentage အလိုက် ထုတ်ပေးမယ်လို့ ထင်ပါတယ်။ ဥပမာ သိန်း ၁၀၀ ရှိတယ်ဆိုရင် ၁၀ သိန်းထုတ်ပေးမယ် အဲလိုပေါ့နော် ” ဟု ဆိုသည်။

မနက်ဖြန်ကစတင်ပြီး ရုံမတက်သည့် ဝန်ထမ်းများကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သွားမည်ဟုလည်း အတွင်းသတင်းအရ သိရကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှူးရုံးက ရည်ညွန်း (၂)ပါစာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းဝေးအမှတ်စဉ် (၃/၂၀၂၁) ၏ အစည်းအဝေးတွင် “ဘဏ်လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေးအတွက် တိုက်တွန်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကဘဏ်ကြီးများကို လုံခြုံရေးဆောင်ရွက်ပေးရန်နှင့် ဘဏ်များပြန်မဖွင့်နိုင်ပါက အရေးယူဆောင်ရွက်သွားရန် ” ဟု ဆုံးဖြတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိနိုင်ငံရေးအခြေနေကြောင့် ဘဏ်များကိုပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်ပြီး ဘဏ်အသီးသီးကို ယာယီရပ်ထားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ