တောင်ကုတ်နှင့် ဂွမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တွင် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၇ ရက်နှင့် စက်တင်ဘာ ၂၀ ရက်တို့တွင် တရားမဝင်သစ်များနှင့် အတူပါရှိသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

By မျိုးမြင့်ဇော် 22 Sep 2020

ဓာတ်ပုံ- သစ်တောဦးစီးဌာန

မျိုးမြင့်ဇော် | DMG
စက်တင်ဘာ ၂၂ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တွင် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၇ ရက်နှင့် စက်တင်ဘာ ၂၀ ရက်တို့တွင် တရားမဝင်သစ်များနှင့် အတူပါရှိသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

တောင်ကုတ်မြို့နယ်၊ ကလိန်တောင်မြစ်အတွင်းက သစ်သားကိုယ်ထည်စက်လှေ(၁)စီးပေါ်မှ တရားမဝင် ကညင်/စကားခွဲသား(၁၉၈)ချောင်း၊ ၄၃ ဒသမ ၇၆၄၂ တန်နှင့် တရားခံ(၆)ဦးကို တပ်မတော်ရေကဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သစ်တောဦးစီးဌာနက သိရသည်။

တောင်ကုတ်မြို့နယ် ကလိန်တောင်မြစ်အတွင်းတွင် တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၆ ဦးကို တောင်ကုတ်မြို့မရဲစခန်းတွင် (ပ)၅၂၈/၂၀၂၀ သစ်တောဥပဒေပုဒ်မ- ၄၁၊ ၄၂(က)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးလှတင့်က DMG သို့ပြောသည်။

ထို့အပြင် ဂွမြို့နယ်၊ ရတနာမြိုင်ကျေးရွာ၊ ကျိန္တလီချောင်းအနီးနေရာနှင့် ဒေသအခေါ်အလယ်ကျွန်းနေရာတို့၌ တရားမဝင် တောင်သရက်/တောင်ပိန္နဲခွဲသား(၃၈)ချောင်း၊ ၄ ဒသမ ၈၃၉၄ တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံဖမ်းမိနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

 

ဗီဒီယိုများ