၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အတွက် NUG အပါအဝင် လက်နက်ကိုင်အဖွဲ့ အသီးသီးမှ သဝဏ်လွှာပေးပို့ 

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA) ထူထောင်ခြင်း (၁၄) နှစ်ပြည့်နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုကြောင်း သဝဏ်လွှာများ ပေးပို့ထားကြသည်။ 

By Admin 10 Apr 2023

၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အတွက် NUG အပါအဝင် လက်နက်ကိုင်အဖွဲ့ အသီးသီးမှ သဝဏ်လွှာပေးပို့ 

DMG ၊ ဧပြီ ၁၀ 

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA) ထူထောင်ခြင်း (၁၄) နှစ်ပြည့်နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုကြောင်း သဝဏ်လွှာများ ပေးပို့ထားကြသည်။ 

ရခိုင်တို့၏ ကိုယ်ကံကြမ္မာဖန်တီးနိုင်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သည်မှာ ၁၄ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည့်အတွက် ရခိုင်ပြည်သူလူထုနှင့်အတူ ဝမ်းမြောက်ကြောင်း၊ ထိုခရီးကြမ်းအတွင်း အသက်အိုးအိမ်၊ စည်းစိမ်နှင့် အသက်များကို ပေးလှူခဲ့ကြသော ရခိုင်ပြည်သူလူထုကိုလည်း လေးနက်စွာ အောက်မေ့ဦးညွတ်ကြောင်း NUG ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ 

လက်ရှိ မြန်မာပြည်တဝှမ်း အာဏာရှင်ကို တော်လှန်နေချိန်တွင်လည်း AA က အဖိနှိပ်ခံပြည်သူများနှင့် အတူရပ်တည်ရှိပြီး တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကူညီပံ့ပို့ပေးလျက်ရှိကြောင်း NUG ကဆို ထားသည်။ 

ရက္ခိုင့်တပ်တော်(AA)ထူထောင်ခြင်း ၁၄ နှစ်ပြည့်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့် မကွေးလူထုတော်လှန်ရေးအပါအဝင် လက်နက် ၈ ဖွဲ့ကလည်း မိမိတို့အဖွဲ့အစည်းများအား ကူညီပံ့ပေးမှု၊ သင်ကြားမှုအတွက် တစ်ဖွဲ့ချင်းစီမှ ကျေးဇူးအထူးသိရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ယင်းအပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)ကလည်း ၁၄ နှစ်တိုင်အောင် ကြံကြံခံတိုက်ပွဲဝင်နိုင်ခဲ့သော ရက္ခိုင့်တပ်တော်(AA)ကို ဂုဏ်ပြုမှတ်တမ်းတင်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ်တစ်ရပ် ပေါ်ပေါက်လာသည့်အထိ အတူလက်တွဲသွားမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ထားသည်။ 

ကျန်းမာရေးမိသားစု - မန္တလေး (MFM)မှလည်း နိုင်ငံတော်အသစ်၊ စနစ်သစ်တစ်ခု ပေါ်ပေါက်လာသည်အထိ AA နှင့်အတူ လက်တွဲတော်လှန်မည်ဖြစ်ပြီး ရခိုင်ပြည်သူလူထု လိုလားတောင့်တသည့်အရာများကို အပြည့်အဝရရှိကြောင်း သဝဏ်လွှာပေးပို့ ဂုဏ်ပြုထားသည်။ 

ညီနောင်မဟာမိတ်အဖွဲ့နှစ်ခုဖြစ်သည့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်တော်(MNDAA)ကလည်း ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA) ကို သဝဏ်လွှာပေးပို့ထားသည်။ 

အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်း ပြည်သူတို့၏ လူမှု၊ စီးပွားဘဝ ဖျက်ဆီးခံနေကြရပြီး မသေချာမရေရာမှုများနှင့် ပြည့်နက်နေသော ယင်းအခြေအနေမှ လွတ်မြောက်ရုန်းထွက်နိုင်ရန်အတွက် မိမိတို့ ညီနောင် (၃)ဖွဲ့အနေဖြင့် တော်လှန်ရေးလက်နက်အဖွဲ့များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ကြရမည်ဟု MNDAA/ TNLA မှ ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ် KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် လူငယ် ၂၆ ဦးနှင့်အတူ စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၁၄ နှစ်အထိရှိခဲ့ပြီလည်း ဖြစ်သည်။ 

#E004

ဗီဒီယိုများ