- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဂွမြို့နယ်မှ ပျောက်ဆုံးနေသည့် ညီအစ်မနှစ်ဦးကို ၁၆ ရက်အကြာတွင် ပြန်တွေ့
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆုံတွင်းကျေးရွာမှ ညီအစ်မနှစ်ဦးပျောက်ဆုံးနေသည်မှာ ၁၆ ရက်ကြာမြင့်ခဲ့ပြီးနောက် ယနေ့(မတ်လ ၂၁ ရက်)နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
21 Mar 2022
DMG ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆုံတွင်းကျေးရွာမှ ညီအစ်မနှစ်ဦးပျောက်ဆုံးနေသည်မှာ ၁၆ ရက်ကြာမြင့်ခဲ့ပြီးနောက် ယနေ့(မတ်လ ၂၁ ရက်)နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
ပျောက်ဆုံးနေသူများမှာ အသက် ၁၇ နှစ်အရွယ် မဇာဇာထွေးနှင့် အသက် ၁၆ နှစ်အရွယ် မဇာဇာ ၁၆ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးကို ဂွမြို့နှင့် မိုင် ၃၀ ခန့်ဝေးသော ဘဝင်ကျေးရွာချောင်းဖျားမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏အစ်မဖြစ်သူ မသင်ဇာဝင်းက DMG သို့ အတည်ပြုပြောဆိုသည်။
“အဲဒီနေ့က သူတို့ထင်းခွေသွားတုန်း ထင်းကလည်းမရလာတာကြောင့် မိဘတွေဆူမှာကြောက်တဲ့အတွက် သူတို့အသိအိမ်မှာ နေနေတာလို့ပြောတယ်။ အခုက အိမ်ပြန်မရောက်သေးဘူး၊ ဂွမြို့မရဲစခန်းကိုသွားကြတယ်”ဟု ၎င်းကဆိုသည်။
၎င်းတို့နှစ်ဦးမှာ (မတ်လ ၆ ရက်)က ထင်းခွေသွားစဉ်ပျောက်ဆုံးခြင်းဖြစ်ပြီး ယနေ့(မတ် ၂၁ ရက်)တွင် ဂွမြို့နယ် လူမှုကူညီရေးအသင်းက ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျောက်တဲ့နေ့က မိဘတွေဆူမှာကြောက်လို့ရှောင်နေဖို့ ညီအစ်မနှစ်ယောက် ကားတစ်စီးပေါ်မှာ တိုင်ပင်နေတာကို ဘေးနားက အမျိုးသမီးတစ်ဦးကကြားသိခဲ့ရပြီး ကျွန်တော်တို့ဆီကို အဲဒီအမျိုးသမီးက လာတိုင်တော့ ကျွန်တော်တို့လူမှုကူညီရေးအသင်းက အခုလိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု ဂွမြို့နယ် လူမှုကူညီရေးအသင်းမှ ကိုကျော်မြင့်မောင်ကပြောသည်။
၎င်းညီအစ်မနှစ်ဦးပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ဂွမြို့မရဲစခန်းတွင် တိုင်ကြားထားခဲ့ကာ လက်ရှိမှာ ၎င်းညီအစ်မနှစ်ဦးနှင့်အတူ မိဘများက ဂွမြို့မရဲစခန်းသို့သွားရောက်နေကြောင်း သိရသည်။ ၎င်းတို့မိသားစု လက်လုပ်လက်စားများဖြစ်ပြီး မိသားစုဝင် ၉ ဦးရှိကြောင်း သိရသည်။