- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၇ ခုကို စစ်ကောင်စီက ထပ်မံအရေးယူ
လီမိုးနီးယား၊ Win Phyo Aung ၊ JMK Service၊ New Three Diamond ၊ Shew Lwin Lwin နှင့် Star Yandar ၊ Aung Kaung Mon အေဂျင်စီတို့မှာ အလုပ်သမားများထံမှ ကြိုတင်ငွေရယူပြီး ပြည်ပသို့ ပို့ဆောင်ခြင်းမရှိသဖြင့် အရေးယူခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
14 Oct 2023

DMG ၊ အောက်တိုဘာ ၁၄
ပြည်ပနိုင်ငံများသို့သွားရောက်ကာ အလုပ်လုပ်ကိုင်လိုသူများကို ပို့ဆောင်ပေးနေသည့် အေဂျင်စီ ၇ ခုကို စည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူခဲ့ကြောင်း စစ်ကောင်စီ အလုပ်သမားရေးရာဝန်ကြီးဌာနမှ သိရသည်။
လီမိုးနီးယား၊ Win Phyo Aung ၊ JMK Service၊ New Three Diamond ၊ Shew Lwin Lwin နှင့် Star Yandar ၊ Aung Kaung Mon အေဂျင်စီတို့မှာ အလုပ်သမားများထံမှ ကြိုတင်ငွေရယူပြီး ပြည်ပသို့ ပို့ဆောင်ခြင်းမရှိသဖြင့် အရေးယူခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းထဲမှ လီမိုးနီးယားအေဂျင်စီကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းပြီး Win Phyo Aung ၊ JMK Service အေဂျင်စီ နှစ်ခုကို လိုင်စင်တစ်နှစ် ပိတ်သိမ်းကာ ကျန် New Three Diamond ၊ Shew Lwin Lwin နှင့် Star Yandar ၊ Aung Kaung Mon တို့ကို လိုင်စင်ခြောက်လ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့က ငွေကြေးအရှုပ်ရှိလို့ ပိတ်ခံရတာ မဟုတ်ပါဘူး။ အလုပ်သမားတွေကို ပို့တာနောက်ကျတာတော့ ရှိတာပေါ့။ ခံဝန်သုံးခါ ထိုးရတယ်။ ထိုးပြီးပိတ်လိုက်တာပဲ။ အဓိက စည်းကမ်းချက်ကတော့ အလုပ်သမားတွေကိုလက်ခံပြီး ရက် ၉၀ အတွင်း စေလွှတ်ဖို့စီစဉ်ရတယ်” ဟု လိုင်စင်ယာယီပိတ်သိမ်းခံရသည့် New Three Diamond ကုမ္ပဏီ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရာသက်ပန်လိုင်စင်ပိတ်သိမ်း အရေးယူမှုနှင့် ယာယီ လိုင်စင်ပိတ်သိမ်းခံခဲ့ရသည့် အေဂျင်စီများမှာ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ထိုင်း၊ ဂျပန်၊ မလေးရှားနိုင်ငံများသို့ အလုပ်သမားများအား အဓိက ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
“ကျနော်တို့ အသင်းအဖွဲ့ကို တိုက်ရိုက်စာမတင်တော့ဘူး။ အခုက မသိရတာများတယ်။ ဝန်ကြီးဌာနကပဲ အကုန်လုပ်ပြီး အရေးယူနေတာမျိုးဆိုတော့ ကျနော်တို့အသင်းကို မဆက်သွယ်တော့ဘူး” ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးအောင်ခိုင်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း Myint Mo Phue Pwint နှင့် Lu Kyaw အေဂျင်စီနှစ်ခုမှာ အလုပ်သမားများထံမှ ငွေကြိုတင်ယူပြီး ပြည်ပပို့ဆောင်ခြင်းမရှိဟုဆိုကာ ရာသက်ပန် လိုင်စင်ပိတ်သိမ်းခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လိုင်စင်ရာသက်ပန် ပိတ်သိမ်းခံရသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ စုစုပေါင်း ၂၆ ခုအထိရှိကြောင်း သိရသည်။