ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ယခုနှစ်သင်္ကြန်ကာလတွင် နေရပ်ပြန်လာသူနည်းပါး

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယခုနှစ်သင်္ကြန်ကာလတွင် မိမိတို့၏ နယ်ရပ်အသီးသီးသို့ ပြန်လည်လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

By Admin 15 Apr 2023

သင်္ကြန်ရက်မတိုင်မီ နေရပ်ပြန်လာသူများ။ (ဓာတ်ပုံ - CJ)
သင်္ကြန်ရက်မတိုင်မီ နေရပ်ပြန်လာသူများ။ (ဓာတ်ပုံ - CJ)

DMG ၊ ဧပြီ ၁၅

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယခုနှစ်သင်္ကြန်ကာလတွင် မိမိတို့၏ နယ်ရပ်အသီးသီးသို့ ပြန်လည်လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများသည် သင်္ကြန်ကာလအတွင်း ပြန်လည်၀င်ရောက်မှု နှစ်စဉ် များပြားခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည်ဝင်ရောက်သူ နည်းပါးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဒီနှစ်ကတော့ မြန်မာပြည်ကို ပြန်ကြတာ အရင်နှစ်တွေကထက် နည်းတယ်။ အဓိကတော့ နိုင်ငံရေးအခြေအနေကြောင့် မပြန်ကြတာပေါ့။ အရင်နှစ်တွေကထက် ပြန်တဲ့သူတွေ တော်တော်နည်းကြတယ်”ဟု ၄င်းကပြောသည်။

နှစ်စဉ်သင်္ကြန်ကာလအတွင်း မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်သူ အများအပြားရှိခဲ့သော်လည်း ယခုနှစ်အတွင်း ပြန်လည်ဝင်ရောက်သူ နည်းပါးခြင်းမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမတွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းကြောင့်ဖြစ်သည်ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးမိုးကျော်က ပြောသည်။

“အခုက သိတဲ့အတိုင်းပဲ နေရာတိုင်းလိုလိုမှာက တိုက်ပွဲတွေ ဖြစ်နေကြတာလေ။ ပြီးတော့ တော်လှန်ရေးအဖွဲ့တွေကလည်း ဒီအာရှလမ်းကြောင်းပေါ်မှာ ခရီးသွားလာတာတို့မလုပ်ဖို့ ကြေညာထားတာလည်းရှိတော့ ပြန်မယ့်သူတွေက အန္တရာယ်ဖြစ်မှာကို ကြောက်လို့ မပြန်ကြတာဖြစ်တယ်" ဟု ၄င်းက သုံးသပ်ပြောဆိုသည်။

ယခင်က သင်္ကြန်ကာလအတွင်း နယ်ရပ်ပြန်သည့် မြန်မာရွေ့ပြောင်းလုပ်သားတချို့ကို အချိန်ကာလကန့်သတ်ချက်ဖြင့် ကင်းလွတ်ခွင့်ဗီဇာ၊ ပတ်စ်ပို့ တံဆိပ်တုံးထုသည့်ငွေမယူဘဲ လုပ်ဆောင်ပေးခဲ့ခြင်း ရှိခဲ့သော်လည်း ယခုနှစ်အတွင်း တံဆိပ်တုံးထု အဖိုးခနှင့် အခြားစရိတ်တွေ အပါအဝင် ကုန်ကျငွေမှာ ကျပ်ငါးသောင်းရှိနေကြောင်း ယခုနှစ်တွင် မြန်မာပြည်ကို နေရပ်ပြန်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။ 

“အရင်နှစ်တွေက ပြန်ရင် ဘာမှမပေးရဘူး။ သူတို့လိုတဲ့ သက်သေတွေ အကုန်ပါရင်ပေါ့။ ဒီနှစ်မှာတော့ ငါးသောင်းထိ ပေးနေရတယ်။ တုံးထုတဲ့ နေရာ။ ပြီးတော့ စာရွက်စာတန်းကြေးဆိုပြီး မြန်မာငွေ ငါးသောင်းလောက် ကုန်ကျတယ်”ဟု ၄င်းကပြောဆိုသည်။

မြန်မာပြည်အတွင်းက ရွေ့ပြောင်းအလုပ်သမားများ နေရပ် ပြန်နိုင်ရေးအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးထားသည်။

#F001

ဗီဒီယိုများ