- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
စစ်ကောင်စီ အစီအစဉ်နှင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်တချို့ ထောက်ပံ့ငွေမရသေးဟုဆို
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက ထောက်ပံ့ငွေတချို့ပေးကာ နေရပ်ပြန်ခိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
24 Apr 2023

DMG ၊ ဧပြီ ၂၄
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက ထောက်ပံ့ငွေတချို့ပေးကာ နေရပ်ပြန်ခိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
နေရပ်ပြန်စစ်ဘေးရှောင် မိသားစုတစ်စုလျှင် ငွေကျပ် ၆ သိန်းနှင့် စားနပ်ရိက္ခာ တစ်လစာအပြင် အခြား အိမ်အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးပြီး နေရပ်ပြန်ခိုင်းခြင်း ဖြစ်သည်။ သို့သော်လည်း စစ်ဘေးရှောင်တချို့မှာ အဆိုပါထောက်ပံ့မှုကို မရရှိသေးကြောင်း ကာယကံရှင်များထံမှ သိရသည်။
နေရပ်ပြန်လာသူ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဦးမောင်သန်းနုက “ကျနော်တို့က နေရပ်ပြန်မယ့်စာရင်းထဲမှာ ပါပေမယ့် သူတို့(စစ်ကောင်စီ)က ငွေထောက်ပံ့မှုပေးတဲ့အထဲမှာ ကျနော်တို့မပါဘူး။ တခြားလူတွေကတော့ရကြတယ်။ ကျနော်တို့လည်း သူများတွေလိုတော့ ရချင်တယ်။ အခု စားဝတ်နေရေးကအစ အခက်အခဲတွေရှိတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ရပ်တန့်ပြီးနောက် စစ်ကောင်စီက မိုင်းရှင်းလင်းပေးခြင်းမရှိဘဲ စစ်ဘေးရှောင်များနေရပ်ပြန်ရေးကိစ္စကို ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ဘေးရှောင်တချို့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီထံက ထောက်ပံ့ငွေမရရှိသေးဘဲ တောတောင်သို့သွားရောက်ကာ လုပ်ကိုင်စားသောက်ရန်အတွက်လည်း မိုင်းအန္တရာယ်ကို စိုးရိမ်ရသဖြင့် စားဝတ်ရေးအခက်အခဲနှင့် ကြုံတွေ့နေကြရသည်။
“ထွေအုပ်ရုံးက ကျမတို့နာမည်မပါ ဆိုပြီးတော့ ပြောတယ်။ အဲဒါကြောင့် ကျမတို့ ထောက်ပံ့ငွေကိုမရခဲ့ဘူး။ ကျမတို့စခန်းက နေရပ်ပြန်ဖို့အတွက် စာရင်းတင်တာက အိမ်ထောင်စု ၁၂ စုတင်တာ။ အဲဒီထဲက အိမ်ထောင်စု ၅ စုမရဘူး။ ကျန်တဲ့သူတွေရတယ်” ဟု ကျောက်တော်မြို့နယ်၊ မဟာမုနိ စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်လာသူ သာစည်ကျေးရွာမှ ဒေါ်လှသိန်းက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြား မရှိပေ။
မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲရပ်တန့်ပြီးနောက် ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်စုစုပေါင်း ၇,၀၀၀ ခန့်ရှိလာနေပြီဖြစ်သည်။
နေရပ်ပြန်စစ်ဘေးရှောင်များ လုပ်ကိုင်စားသောက်၍ အဆင်ပြေအောင် စစ်ကောင်စီက မိုင်းရှင်းလင်းပေးခြင်း မရှိသည့်အပြင် ထောက်ပံ့ငွေမရရှိသူများလည်း ရှိနေသဖြင့် နေရပ်ပြန်ရန်အတွက် စိုးရိမ်နေကြသူများလည်း ရှိနေသည်။
“စခန်းမှာက တစ်ရက်စားဖို့ ငွေ ၇,၀၀၀ နဲ့ မလုံလောက်တော့ဘူး။ ဒါကြောင့် ကိုယ့်ရပ်ရွာပြန်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ရင် ကောင်းမလားဆိုပြီး နေရပ်ပြန်ဖို့ စာရင်းပေးထားတယ်။ ဒါပေမယ့် မိုင်းလည်းမရှင်းပေး၊ ထောက်ပံ့ငွေ မရသူတွေလည်းရှိတော့ ရွာပြန်ဖို့ကို စိုးရိမ်နေတယ်” ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒေါ်အေးစောညွန့်က ပြောသည်။
လက်ရှိမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေး အခက်အခဲရှိလာသဖြင့် နေရပ်ပြန်ရန်အတွက် စစ်ကောင်စီထံ စာရင်းပေးထားသည့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် တာဝန်ယူမှု၊ တာဝန်ခံမှု တစ်စုံတစ်ရာမရှိဘဲ စစ်ဘေးရှောင်များအား နေရပ်ပြန်ခိုင်းနေမှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
“စစ်ဘေးရှောင်တွေကို အိမ်ကိုပြန်ဖို့ မလွှတ်ရင်တောင်မှ ကိုယ့်အိမ်၊ ကိုယ့်ရွာကို ပြန်ချင်တာကတော့ လူတိုင်းလိုလိုပါပဲ။ ပြန်လည်းပြန်သင့်တဲ့ အလုပ်တစ်ခုပါ။ စစ်ကောင်စီက မိုင်းအန္တရာယ်တွေကို ဖြေရှင်းပေးရင်တော့ စစ်ဘေးရှောင်တွေ အကုန်လုံးနေရပ်ပြန်မှာဖြစ်တယ်။ အခုက အဲဒီလိုမရှိဘူး။ တာဝန်ယူမှု အားနည်းတယ်လို့ မြင်ပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေး နေသည့် ကိုအမ်းသားကြီးက ပြောသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ ၅ လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သည်။
#R007