- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ဂွမြို့နယ်တွင် ဝေလငါးမျိုးစိတ် အသေတစ်ကောင် သောင်တင်တွေ့ရှိ
ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ပင်လယ်ကမ်းစပ်တွင် ဝေလငါးမျိုးစိတ် အသေတစ်ကောင်ကို ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက သောင်တင်လျက်ရှိတွေ့ခဲ့ကြသည်။
27 Apr 2023

DMG ၊ ဧပြီ ၂၇
ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ပင်လယ်ကမ်းစပ်တွင် ဝေလငါးမျိုးစိတ် အသေတစ်ကောင်ကို ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက သောင်တင်လျက်ရှိတွေ့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကြွေချိုင်ကျေးရွာအနီးပင်လယ်ကမ်းခြေတွင် လမ်းလျှောက်လာသူများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အဲဒီငါးက ည ၂ နာရီလောက်ကတည်းက ဒီရေအတက်နဲ့ မျှောပါလာတာလို့ ယူဆကြပါတယ်။ ကျနော်တို့သတင်းရလို့ သွားကြည့်တဲ့အချိန်ကျတော့ ငါးက နည်းနည်းအနံ့ထွက်နေပါပြီ” ဟု ကြွေချိုင်ကျေးရွာမှ ဦးမြင့်တင်က ပြောသည်။
သေဆုံးနေသည့်ငါးကို ငါးလုပ်ငန်းဦးစီးဌာနမှ စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကြွေချိုင်ကျေးရွာအနီး ဒီရေလွတ်သော နေရာတစ်ခုတွင် မြေကျင်းတူး၍မြှုပ်နှံခဲ့ကြသည်။
အဆိုပါငါးမှာ ဝေလငါးအုပ်စုဝင် ဝေလငါးပု (Dwarf Sperm Whale) ဖြစ်ပြီး အလျား ၇.၅ ပေ၊ အနံ ၄.၅ ပေရှိပြီး သဘာဝအတိုင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဂွမြို့၊ ကျိန္တလီမြို့နယ်ခွဲ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုနိုင်က ပြောသည်။
“ငါးက သေပြီးမှ ကမ်းကပ်လာတာ ဖြစ်တယ်။ စစ်ဆေးချက်အရ သဘာဝအတိုင်း သေဆုံးတာလို့ ယူဆပါတယ်။ ဒီလိုငါးမျိုးစိတ်တွေဟာ ရှားပါးမျိုးစိတ်ဖြစ်တဲ့အတွက် ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ မလုပ်ဖို့ ဒေသခံရေလုပ်သားတွေကို ကျနော်တို့က အသိပေးတားမြစ်တာတွေ ဆောင်ရွက်နေပါတယ်။ အရှင်သောင်တင်တွေ့ရှိရင်လည်း ကျနော်တို့ဆီ အကြောင်းကြားဖို့ မှာကြားထားပါတယ်” ဟု သူက ပြောသည်။
ရေနေသတ္တဝါများအထဲတွင် ဝေလငါးနှင့် ဝေလငါးမျိုးစိတ်များကို ရှားပါးငါးမျိုးစိတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ရခိုင်ကမ်းရိုးတမ်းဒေသတွင် ဝေလငါးများ မကြာခဏ သောင်တင်သေဆုံးမှုများကို တွေ့ရှိနေရပြီး ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ခမောက်ကျေးရွာအနီးတွင် အရှည် ၂၆ ပေခန့်ရှိ ဝေလငမန်း (Whale Shark) တစ်ကောင်ကို သေဆုံးလျက် တွေ့ရှိခဲ့ကြသည်။
#I008