၅၁ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့အောက်မေ့ဖွယ် အခမ်းအနား ANP ပြုလုပ်

၂၀၁၈ ခုနှစ်တွင် ကျရောက်သော ၅၁ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်ရုံးတွင် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

By ခင်သရဖီဦး 14 Aug 2018

သြဂုတ် ၁၄၊ ခင်သရဖီဦး

၂၀၁၈ ခုနှစ်တွင် ကျရောက်သော ၅၁ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်ရုံးတွင် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

စစ်တွေဆန်ပြဿနာနေ့မှာ ၁၉ ၇၆ ခုနှစ်၊ ဆန်ရှားပါးမှုများကြောင့် ဒေသခံများမှာ အငတ်ဘေးနှင့်ရင် ဆိုင်ကြရကာ နောက်ဆုံး မခံမရပ်နိုင်သည့်အတွက် ၁၉ ၇၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေမြို့ရှိ ဒေသခံများစွာတို့ စုရုံး ဆန္ဒထုတ်ဖေါ်မှုကို တပ်မတော်ဖက်မှ ပစ်ခတ်မှုများကြောင့် လူ ၂၄ ဦးအထိသေဆုံးကာ အများအပြား ဒဏ်ရရှိ ခဲ့ကြောင်း သိရသည်။

“ ၁၉ ၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ သေဆုံးသွားကြတဲ့ စစ်တွေမြို့နယ်က ရခိုင်အမျိုးသားတွေအတွက် အလွန်တရာဝမ်းနည်းကြေကွဲစရာဖြစ်ရပ်ပေါ့၊ ဒီကိစ္စက နောင်လာနောက်သားတွေအတွက်လည်း အလွန်တရာ ဝမ်းနည်းကြေကွဲဖို့ကောင်းပါတယ်။ အဓိကတော့အကြောင်းအရင်းကို ကျွန်တော်တို့ ရှာကြည့်လိုက်တော့၊ စနစ်တွေရဲ့ ဒဏ်ကို ကျွန်တော်တို့ ခံရတာလို့ ယူဆတယ်။ အဲဒါကြောင့် နောင်လာနောက်သားတွေကိုလဲ စနစ်ကောင်းဖို့အတွက်၊ ဘယ်လိုလုပ်ရမှာလဲ အဲဒါလေးတွေကို အမှတ်ရစေဖို့အတွက်၊ အောက်မေ့ဖွယ်ရာ အထိန်းအမှတ်အဖြစ် လုပ်ရတာဖြစ်တယ်။ ” ဟု ရခိုင်အမျိုးသားပါ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက် ဆန်စပါးပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း ၁၉ ၆၇ ခုနှစ်တွင် အစိုးရစီမံခန့်ခွဲမှုအလွဲများကြောင့် ဆန်ရှားပါးမှုဒဏ်ကို အလူးအလဲခံစားကြရရာမှ နောက်ဆုံးတွင် လမ်းပေါ်တက် ဆန္ဒထုတ်ဖေါ်တောင်းဆိုရသည့်အတွက် ဖြစ်ပေါ်ခဲ့ကာ ဆန္ဒပြတောင်းဆိုမှုကို အကြမ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရှိခဲ့ကြသည်ကို အစဉ်အောက့်မေ့လျှက် သြဂုတ်လ ၁၃ ရက်နေ့ရောက်တိုင်း “၁၃ သြဂုတ်၊ မမေ့အပ်” ဟုဆိုသည့် စားအတိုင်း ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

ဗီဒီယိုများ