- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဝါးခုတ်သွားသည့် မောင်တော ဒေသခံ နှစ်ဦး သတ်ဖြတ်ခံရပြီး သေဆုံး
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ရွှေတောင်(မြို)ကျေးရွာသား နှစ်ဦးမှာ တောတောင်သို့ ဝါးခုတ်သွားစဉ် သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
19 Dec 2022

သေဆုံးသွားသူ ရုပ်အလောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ABN
DMG | ဒီဇင်ဘာ ၁၉
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ရွှေတောင်(မြို)ကျေးရွာသား နှစ်ဦးမှာ တောတောင်သို့ ဝါးခုတ်သွားစဉ် သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အသတ်ခံရသူ နှစ်ဦီးမှာ အသက် ၃၈ နှစ်အရွယ် ကိုဘသန်းနှင့် အသက် ၃၅ နှစ်အရွယ် ကိုသိန်းထွန်း တို့ ဖြစ် ကြသည်။ ၎င်းတို့မှာ ယမန့်နေ့ (ဒီဇင်ဘာ ၁၈) ရက်နေ့က ကျေးရွာ မြောက်ဘက် ၆ မိုင်ခန့်ကွာဝေးသည် တောင်တန်းသို့ ဝါးခုတ်သွားစဉ် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။
ရွှေတောင်ရွာသာား ကိုနိုင်လင်းက “ သူတို့က မနေ့က ကျနော်တို့ ရွာနားမှာ ရှိတဲ့ တောင်ကို ဝါးခုတ်ဖို့သွားတာ။ ဝါးခုတ်ဖို့ သွားတော့ ညနေကျရင် လည်း ပြန်မရောက်ဘူး။ ပြန်မရောက်တဲ့အတွက် ကျနော်တို့က လိုက်ရှာ နေ တာ။ အခုကတော့ သူတို့ရဲ့အလောင်းကိုပဲ တွေ့တယ် ” ဟု က DMG သို့ပြောသည်။
သေဆုံးနေသူတို့မှာ ခန္ဓာကိုယ်နှင့် လည်ပင်တွင် ဓားခုတ်ခံရသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဟု ရွာသားများက ပြောသည်။
“ အခုအလောင်းကို တွေ့ပါပြီ။ ဝမ်းတွေ၊ လည်ပင်းတွေမှာ အကုန်လုံး ဓားခုတ်တဲ့ ဒဏ်ရာ တွေနဲ့ပါ။ အခုက အလောင်း ကို ရွာကို သယ်ယူနေပါတယ် ” ဟု ကိုနိုင်လင်းက ဆက်ပြောသည်။
အဆိုပါ တောင်တန်းတွင် ARSA အဖွဲ့က လှုပ်ရှားမှုများရှိပြီး အသတ်ခံရသူများ၏ အလောင်း အနီးတွင် ARSA အဖွဲ့ဝင်များ နေထိုင်ခဲ့သည့် ယာယီတဲများ ကိုတွေ့ရှိရသဖြင့် သူတို့ နှစ်ဉီးကို သူဖြတ်ခဲ့သူတို့မှာ ၎င်းတို့ အဖွဲ့မှ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး DMG အနေဖြင့် သီးခြား အတည်ပြုချက်မရသေးပေ။
ထိုသို့ မောင်တောမြောက်ပိုင်း တွင် ARSA လက်နက်ကိုင်အဖွဲ့က လှုပ်ရှားမှုအပြင် ကျေးရွာသားများကို ယခုကဲ့သို့ သတ်ဖြတ်မူများ ရှိလာသည့် အတွက် ဒေသခံများမှာ စိုးရိမ်စိတ်ဖြစ်နေရကြောင်း သိရသည်။
မောင်တော ဒေသခံ သုံးမိုင် ဆရာတော်က “ ကျနော်တို့ ရွာသားတွေက တောတောင်တွေကို မှီခိုပြီး တော့ အသက်မွေး ဝမ်းကျောင်းပြုနေရတာ။ တောင်မှာ ယာလုပ်တယ်၊ ဝါးခုတ်ပြီးတော့ အသက်မွေးဝမ်းကျောင်း လုပ်နေတာ။ အခုလို ရွာသားတွေကို သတ်ဖြတ်မှုတွေရှိတော့ စိုးရိမ်မှုရှိတယ်။ အခုရွာသားတွေက တောင်ကို မသွားရဲကြတော့ဘူး ” ဟု ၎င်းကဆိုသည်။
ထို့အတူ မောင်တောဒေသ ဘင်္ဂလား နယ်စပ်၌ ARSA လက်နက်ကိုင်အဖွဲ့များမှာ အမြဲတမ်းလိုလို လှုပ်ရှားမှု ရှိနေသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က မောင်တော မြောက်ပိုင်း ခုန်တိုင်(မြို) ကျေးရွာ မှ ဒေသခံ၂ဝ ကျော်မှာ ဝါးခုတ်သွားစဉ် သေနတ်နှင့် ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။