- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
မေလနှောင်းပိုင်းမှစ၍ ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေချိန်တွင် သေဆုံးခဲ့ရသော ပါလက်စတိုင်းလူမျိုး ၁,၇၆၀ ဦးထက်မနည်း ရှိကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာရုံး၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Aug 2025

မေလနှောင်းပိုင်းမှစ၍ ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေချိန်တွင် သေဆုံးခဲ့ရသော ပါလက်စတိုင်းလူမျိုး ၁,၇၆၀ ဦးထက်မနည်း ရှိကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာရုံး၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"မေလ ၂၇ ရက်မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ ထောက်ပံ့ရေးအကူအညီများ စောင့်ဆိုင်းရယူရှာဖွေစဉ်တွင် ပါလက်စတိုင်းလူမျိုး ၁,၇၆၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း၊ သေဆုံးခဲ့သူများမှာ ဂါဇာ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်း (GHF) နေရာများအနီးတွင် ၉၉၄ ဦးနှင့် ထောက်ပံ့ရေးယာဉ်တန်းများ၏ လမ်းကြောင်းတစ်လျှောက်တွင် ၇၆၆ ဦးဖြစ်ကြောင်း၊ အဆိုပါ လူသေဆုံးမှုဖြစ်စဉ် အများစုကို အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း" အေဂျင်စီ၏ ပါလက်စတိုင်းနယ်မြေများဆိုင်ရာရုံးက ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ထိုအရေအတွက်သည် ဩဂုတ်လ ၁ ရက်နေ့၌ အဆိုပါရုံးက ထုတ်ပြန်ခဲ့သော သေဆုံးသူ ၁,၃၇၃ ဦး စာရင်းနှင့် နှိုင်းယှဉ်ပါက အရေအတွက်များစွာ တိုးလာခဲ့ခြင်းဖြစ်သည်။
ထိုသို့ နောက်ဆုံးရ အချက်အလက်များ ထွက်ပေါ်လာချိန်နှင့် အကြောင်းတိုက်ဆိုင်စွာပင် ဂါဇာ၏ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြီးခဲ့သည့် သောကြာနေ့၌ အစ္စရေး၏ ပစ်ခတ်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်းနှင့် အဆိုပါသေဆုံးသွားသူ ၃၁ ယောက်အနက်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို စောင့်ဆိုင်းနေသူ ၁၂ ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ဘက်ကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် ဟားမားစ်၏ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်များကို ဖျက်ဆီးပစ်ရန် ဆောင်ရွက်နေကြောင်း၊ အရပ်သားများ ထိခိုက်မှု လျှော့ချနိုင်ရန်အတွက်လည်း ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
သို့သော်လည်း ဂါဇာ၌ မီဒီယာကန့်သတ်ချက်များ ရှိနေခြင်းနှင့် နယ်မြေဒေသများစွာသို့ ဝင်ရောက်နိုင်ရန် အခက်အခဲများ ရှိနေခြင်းတို့ကြောင့် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီနှင့် အစ္စရေးစစ်တပ်တို့က ထုတ်ပြန်ထားသော သေဆုံးမှုစာရင်းနှင့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း AFP သတင်းက ဖော်ပြထားသည်။