- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
- ရခိုင်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေး စစ်ကောင်စီ စတင်လှုပ်ရှား
- ဝါရှင်တန်တွင် လုံခြုံရေးယူရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ရောက်ရှိ
- ဟောင်းနွမ်းငွေစက္ကူများကို သုံးစွဲကြရန် AA ဒေသန္တရ အမိန့်ထုတ်
- အိန္ဒိယကုမ္ပဏီ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်ထုတ်လုပ်ရေး လေ့လာ
အိန္ဒိယ ကက်ရှ်မီးယားမှာ ရုတ်ခြည်းရေလွှမ်းမိုးမှုကြောင့် ၄၆ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ပျောက်နေ
အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသတွင် သြဂုတ်လ ၁၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရုတ်ခြည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သေဆုံးသူ ၄၆ ဦးထက်မနည်း ရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Aug 2025

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသတွင် သြဂုတ်လ ၁၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရုတ်ခြည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သေဆုံးသူ ၄၆ ဦးထက်မနည်း ရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကစ်ရှ်ဝါခရိုင်ရှိ ချာဆော့တီဒေသတွင် မိုးအကြီးအကျယ် ရွာသွန်းပြီးနောက် ဘုရားဖူးများ ခရီးတစ်ထောက် နားရာ နေရာကို ရုတ်ခြည်း ရေလွှမ်းမိုးခဲ့ခြင်း ဖြစ်သည်။ အဆိုပါဘုရားဖူးများသည် မာချိုင်းမာတာ ဘုရားကျောင်းသို့ သွားရောက်စဉ် လမ်းတွင် တစ်ထောက်နားနေကြခြင်း ဖြစ်သည်။
"နေ့လယ်စာအတွက် ဘုရားဖူးတွေ အစုလိုက်အပြုံလိုက် ရောက်နေကြတဲ့ နေရာကို ရေလွှမ်းမိုးသွားတာပါ" ဟု အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ရိုက်တာသို့ ဖြေကြားသည်။
ရေလွှမ်းမိုးမှုကြောင့် ပျောက်ဆုံးနေသူ အရေအတွက်သည်လည်း ၂၀၀ ကျော်ရှိသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သော သီတင်းပတ်ကလည်း ဥတ္တရာခန်ပြည်နယ်တွင် ရေလွှမ်းမိုးပြီး မြေပြိုကျသည့်အတွက် ရွာလုံးကျွတ် မြေလွှမ်းမိုးခံရမှု ဖြစ်ပွားခဲ့သည်။
ကက်ရှ်မီးယားဒေသတွင် ကစ်ရှ်ဝါအပါအဝင် နေရာအများအပြား၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မြေပြိုကျမှု၊ ရုတ်ခြည်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများအနေဖြင့် ယိုင်နဲ့နဲ့ အဆောက်အအုံများ၊ ဓာတ်မီးတိုင်များနှင့် သစ်ပင်အိုများကို ရှောင်ရှားကြရန် ဆရီနဂါဒေသရှိ ဒေသန္တရ မိုးလေဝသဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ထားသည်။