- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သြဂုတ်လ ၁၅ ရက်နေ့က အလက်စကားပြည်နယ်တွင် တွေ့ဆုံမှုသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်နှင့် ပတ်သက်သည့် သဘောတူညီချက် တစုံတရာ မထွက်ပေါ်ဘဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
16 Aug 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သြဂုတ်လ ၁၅ ရက်နေ့က အလက်စကားပြည်နယ်တွင် တွေ့ဆုံမှုသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်နှင့် ပတ်သက်သည့် သဘောတူညီချက် တစုံတရာ မထွက်ပေါ်ဘဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
သုံးနာရီကြာ တွေ့ဆုံမှုအပြီးတွင် ခေါင်းဆောင်နှစ်ဦးက တိုးတက်မှုများ ရှိခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သော်လည်း မည်သည့်တိုးတက်မှု ဆိုသည်ကိုမူ တိတိပပ ပြောဆိုကြခြင်း မရှိပေ။
သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခြင်း မရှိသလို ပုံမှန်အားဖြင့် ရှည်ရှည်လျားလျား ပြောတတ်သည့် သမ္မတထရမ့်သည်ပင် သတင်းထောက်များ၏ မေးမြန်းချက်များကို ဂရုမစိုက်ခဲ့ပေ။
သဘောတူညီချက် တစုံတရာ မရှိခဲ့ကြောင်း သမ္မတ ထရမ့်က ဖြေဆိုခဲ့ပြီး ပူတင်ကမူ မိမိအနေဖြင့် စစ်ပွဲအဆုံးသတ်ရေးကို အမှန်တကယ် လိုလားသော်လည်း ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ရသည့် အဓိက အကြောင်းရင်းများကို ဖြေရှင်းရမည်ဟုသာ ပြောဆိုခဲ့သည်။
သမ္မတထရမ့်သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်က မိမိသာ သမ္မတဖြစ်လျှင် ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်သည်ဟု ပြောဆိုခဲ့သူ ဖြစ်ရာ ယခုကဲ့သို့ ပူတင်နှင့် သူ၏ တွေ့ဆုံမှုအား ရလဒ်တစုံတရာ ထွက်ပေါ်နိုင်မည့် အလားအလာအဖြစ် စောင့်ကြည့်သူများလည်း ရှိခဲ့သည်။
အလက်စကားတွင် တွေ့ဆုံမှုအပြီး၌ Fox News သတင်းဌာနကို ဖြေကြားရာ၌ သမ္မတထရမ့်က "ဒါကို အဆုံးသတ်ဖို့က သမ္မတ ဇီလင်စကီးအပေါ်မှာပဲ မူတည်သွားပါပြီ။ … သမ္မတဇီလင်စကီးနဲ့ သမ္မတပူတင်တို့ တွေ့ဆုံဖို့ အစည်းအဝေးတစ်ရပ် စီစဉ်ကြမှာပါ။ ဒီအစည်းအဝေးမှာ ကျွန်တော်လည်း ပါမယ်ထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။