- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ပလမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဒေသခံ ၃၉ ဦး ဖမ်းဆီးခံရ
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ အောင်သီရိလမ်း အမှတ်(၃)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
30 Nov 2022

ပလမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်။
DMG | နိုဝင်ဘာ ၃၀
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ အောင်သီရိလမ်း အမှတ်(၃)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ထို့သို့ ဗုံးပေါက်ကွဲပြီးနောက် ယမန်နေ့(နိုဝင်ဘာလ ၂၉ ရက်)က စစ်တပ်နှင့် ရဲတပ်ဖွဲ့ စုစုပေါင်းအင်အား ၃၀ ခန့်မှ ရပ်ကွက်အတွင်းဝင်ရောက်ရှာဖွေကာ ဒေသခံ (၃၉)ဦးကို ဖမ်းဆီးခဲ့ကြောင်း မြို့ခံများကပြောသည်။
ရဲစခန်းနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက “အဖမ်းခံရတာ ၃၉ ဦးလို့ သိရတယ်။ အမျိုးသမီးက ၄ ယောက်နဲ့ အမျိုးသားက ၁၀ ယောက်ကို မြိတ်ကိုခေါ်သွားပြီ။ ပလစခန်းထဲမှာ အခုအထိ ၂၀ ဦးကျန်နေပါတယ်”ဟု ၄င်းကဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင် သက်ကြီးပိုင်း အမျိုးသမီး(၅)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၁၄ ဦးကို ယနေ့နံနက် ၁၁ နာရီခန့်တွင် မြိတ်မြို့သို့ စစ်တပ်ကဆောင်သွားခဲ့ကာ ကျန်သည့် (၂၀)ဦးမှာ ပလမြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။
အမှတ်(၃)ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက “ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်တာနဲ့ပက်သက်ပြီး ဧည့်စာရင်းဝင်စစ်ရင်း ရပ်ကွက်ထဲက အယောက် ၄၀ လောက်ပါသွားတယ်”ဟု ပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးနေအိမ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်တို့က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း စစ်ကောင်စီက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။