ထားဝယ်သို့ ဆန်သယ်ယူခွင့်ကို စစ်တပ်မှ ပိတ်ပင်လိုက်သည်ဟုဆို

တနင်္သာရီတိုင်း ထားဝယ်မြို့တွင်းသို့ အခြား ပြည်နယ်နှင့် တိုင်းမျာက တင်သွင်းလာသည့် ဆန်ကားများကို ထားဝယ်မြို့ဝင်ဂိတ်ကနေ ယမန်နေ့ (နိုဝင်ဘာ ၃) ကစပြီး စစ်တပ်မှ ပိတ်ပင်လိုက် ကြောင်း မြို့ခံ ဆန်ကု န်သည်များ ထံက သိရသည်။

By Admin 04 Nov 2022

ထားဝယ်သို့ ဆန်သယ်ယူခွင့်ကို စစ်တပ်မှ ပိတ်ပင်လိုက်သည်ဟုဆို

ထားဝယ်မြို့ဝင်လမ်းကိုတွေ့ရစဉ်။ ဓာတ်ပုံ- CJ

DMG၊ နိုဝင်ဘာ ၄

တနင်္သာရီတိုင်း ထားဝယ်မြို့တွင်းသို့ အခြား ပြည်နယ်နှင့် တိုင်းမျာက တင်သွင်းလာသည့် ဆန်ကားများကို ထားဝယ်မြို့ဝင်ဂိတ်ကနေ ယမန်နေ့ (နိုဝင်ဘာ ၃) ကစပြီး စစ်တပ်မှ ပိတ်ပင်လိုက် ကြောင်း မြို့ခံ ဆန်ကု န်သည်များ ထံက သိရသည်။

ယမန်နေ့ မှစပြီး ထားဝယ်မြို့တွင်းသို ဆန်တင်ဆောင်လာသည့် ကားများကို စစ်ကောင်စီတပ်စစ်ဆေးရေး ဂိတ်များကနေ အတင်းအကြပ် စစ်ဆေးကာ ပြန်လွှတ်မှုများ ရှိ နေကြောင်း ထားဝယ်မြို့ခံ ဆန်ကုန်သည် တစ်ဦးက ပြောသည်။

“ ဆန်သယ်ပို့လို့ မရတော့ဘူးဗျာ။ မနေ့က စပြီးတော့ မြို့ထဲကိုပို့ ခွင့်ပိတ်လိုက်တာ။ အခု ဆန်ကားတွေလာရင် ပြန်လှည့်ခိုင်းတယ်။ စစ်ဆေးလို့တွေ့ရင်လည်း ယာဉ်မောင်းတွေကို စစ်သားတွေက တခါတလေ ထိုင်ထတွေ လုပ်ခိုင်းတာရှိတာ ဒဏ်ပေးတာတွေ လုပ်နေတယ် ” ဟု ၎င်းကပြောသည်။

ယင်းသို့ ထားဝယ်မြို့တွင်းသို့ ဆန်သယ်ယူခွင့် ပိတ်ပင်ခဲ့မှုမှာ ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီ တပ်နှင့် KNDO၊ ဒေသခံကာကွယ်ရေး အဖွဲ့ များကြား တိုက်ပွဲများကြောင့် ဖြစ်နိုင်ကြောင်း ကုန်တင်ယာဉ်မောင်းများ ထံက သိရ သည်။

“ အဓိက PDF တွေ KNU တွေနဲ့ စစ်တပ်တွေတိုက်ပွဲဖြစ်နေလို့ အခုလို ပိတ်လိုက်တာ။ ဆန်မကဘူး ဆေးဝါး တွေဆိုရင်လည်း ပို့ခွင့်မပေးဘူး ဖြစ်နေတယ် ” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ထိုသို့ ထားဝယ်မြို့တွင်းသို့ ဆန်ပို့ဆောင်ခွင့် ပိတ်ပင်ခံရမှုနှင့် ပက်သက်ပြီး စစ်ကောင်စီ ပြောခွင့် ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း ထံဖုန်းဆက်သွယ်ထားသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

လက်ရှိတွင် ထိုသို့ ဆန်သယ်ဆောင်ခွင့်ကို စစ်တပ်က ပိတ်ပင်မှုကြောင့် ထားဝယ်မြို့နယ်တွင် တိမ်းရှောင် နေရသည့် စစ်ရှောင်ဒေသခံ ဦးရေ (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ ရရှိရန် အခက်အခဲ ဖြစ်ပေါ်စေကြောင်း ထားဝယ် ဒေသ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများ ထံက သိရသည်။

“ အခုလို ဆန်ပို့ခွင့်ပါ ထပ်ပိတ်လိုက်တော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ကိစ္စ အခက်အခဲ ဖြစ်ကုန်တယ်။ အဲဒီအတွက်လိုအပ်မယ့် စားနပ်ရိက္ခာတွေကို နယ်စပ်လမ်းကြောင်းကနေ ရအောင်သယ်ဆောင်ဖို့ ကြိုးစား နေပါတယ် ” ဟု ထားဝယ်ဒေသ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူ တစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ လ နောက်ဆုံး သီတင်းပတ်မှ အောက်တိုဘာ လအထိ ထားဝယ် မြို့နယ်သို့ လာရောက်သည့် တနင်္သာရီ - ရေး- မြိတ်- ထားဝယ် ကားလမ်းမနှင့် ထားဝယ်- ထီးခီးကားလမ်းကြောင်းမှ ဆေးဝါး ပစ္စည်းများ သယ်ယူ ပို့ဆောင်ခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားမှုများရှိနေသည်။

ဗီဒီယိုများ