ရွှေကျင်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေ

ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် လိမ်ပင်ဝဲကျေးရွာအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁၅) နံနက် ၅ နာရီမှ နေ့လည် ၂ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံထောင်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။

By Admin 15 Dec 2022

ရွှေကျင်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေ

ရွှေကျင်မြို့အဝင်လမ်းကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ

DMG | ဒီဇင်ဘာ ၁၅

ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် လိမ်ပင်ဝဲကျေးရွာအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁၅) နံနက် ၅ နာရီမှ နေ့လည် ၂ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံထောင်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။

ရွှေကျင်မြို့နယ် လိမ်ပဲဝင် ကျေးရွာအနီးသို့ ရွှေကျင်အခြေစိုက် ခမရ (၅၈၉) တပ်ရင်းမှ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကေအန်ယူတပ်မဟာ (၃) KNLA ပူးပေါင်းအဖွဲ့ ဖြင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်နေကြောင်း ကေအန်ယူတပ်မဟာ (၃) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လိမ်ပဲဝင် ရွာထဲကို (စစ်ကောင်စီ) စစ်ကြောင်း ထိုးလာတာ။ အင်အားက တစ်ရာလောက်ရှိတယ်။ ဒီဖက်က အဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တော့ တိုက်ပွဲဖြစ်ပွားနေတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်ပေးသွားပါမယ်” ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။

ယင်းသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်မှ ရွှေကျင်မြို့မှတဆင့် စက်လှေများဖြင့် လိမ်ပဲဝင်ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကာ ဒေသခံများကို လိုက်လံဖမ်းဆီးမှုများ လုပ်နေသဖြင့် ကျေးရွာဒေသခံ ၂၀၀၀ ကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ရွှေကျင်ဒေသခံများထံက သိရသည်။

“အခု ရွာထဲကို စစ်တပ်တွေ အတင်းဝင်ပြီး ရွာသားတွေကို လိုက်ဖမ်းနေလို့ တရွာလုံး ထွက်ပြေးနေရတယ်။ အခု ဆက်အသွယ်ရသလောက် အကုန်လုံး ရှောင်နေရတယ်” ဟု ရွှေကျင်မြို့ခံတစ်ဦးကဆိုသည်။

လက်ရှိတွင် ဒေသခံ ၂၀၀၀ ကျော်မှာ စစ်တောင်းမြစ်ကမ်း တလျှောက်၊ နီးစပ်သည့် တောတောင်များနှင့် ရွှေကျင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လိမ်ပင်ဝဲ ကျေးရွာသားတစ်ဉီးက “စစ်တပ်တွေ ရွာထဲ အတင်းဝင်လာလို့ ရှောင်နေရတယ်။ တချို့က မြို့ပေါ်ရှောင်တယ်။ ကျန်တဲ့သူတချို့ကလည်း နီးတဲ့ တောတောင်ထဲမှာ ခိုနေရတယ် ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌လည်း စစ်ကောင်စီတပ်က ရွှေကျင်မြို့အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးမှုကြောင့် ကေအန်ယူ တပ်မဟာ (၃) KNLA ပူးပေါင်းအဖွဲ့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀၀ ထောင်ကျော် ထွက်ပြေးခဲ့ကြရသည်။

ဗီဒီယိုများ