- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သံတွဲမှ တေးရေးဆရာ ကိုစန်းကို ကို AA နှင့်ဆက်စပ်မှုဖြင့်အမှုဖွင့်ပြီး ရုံးထုတ်
ရခိုင်ပြည်၊သံတွဲမြို့မှ တေးရေးဆရာ ကိုစန်းကို ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် နိုဝင်ဘာလ ဒုတိပအပတ်တွင် အမှုဖွင့်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
24 Nov 2022
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကိုစန်းကို ကို တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့
DMG | နိုဝင်ဘာ၊၂၄
ရခိုင်ပြည်၊သံတွဲမြို့မှ တေးရေးဆရာ ကိုစန်းကို ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် နိုဝင်ဘာလ ဒုတိပအပတ်တွင် အမှုဖွင့်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုစန်းကို ကို အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ငပလီအခြေစိုက် ခလရ ၅၅ တပ်ရင်းမှ ဗိုလ်ကြီးရဲလင်းထွန်းက အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
"သူ့ကို နိုဝင်ဘာလ ဒုတိအပတ်မှာ အမှုဖွင့်တာဖြစ်တယ်။ ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းက ဗိုလ်ကြီး ရဲလင်းထွန်းက တရားလိုလုပ်ပြီး အမှုဖွင့်တယ်။ အမှုဖွင့်ပြီးတော့ သူ့ကို ထောင်ချုပ်ကိုပို့တယ် ။ အမှုဖွင့်တဲ့ ရက်ကိုတော့ ကျနော် သေချာအသိတော့ဘူး"ဟု သူကဆိုသည်။
ကိုစန်းကို ကို ဖမ်းဆီးပြီးနောက် ၄င်းပိုင်ဆိုင်သည့် ရခိုင်အားမာန်ကားဂိတ်ကိုလည်း ပြေးဆွဲခွင့်ရပ်နားလိုက်ကြောင်း မိသားစုဝင်များထံက သိရသည်။
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ရခိုင်ပြည်သူအများအပြားကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်။