- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
နတ်ရေကန်ဗျူဟာစခန်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စ၍ AA နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး စစ်ကောင်စီက မြေပြင်ခံစစ်အပြင် လေကြောင်းအသုံးပြု ခုခံနေ၍ နှစ်ဖက်တိုက်ပွဲများမှာ ရက်ပေါင်း ၂၀ ကျော်အထိ ကြာမြင့်လာပြီ ဖြစ်သည်။
11 Mar 2025

DMG ၊ မတ် ၁၁
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော် (AA )နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်အရှိန်မြင့် တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလည်း ဗျူဟာစခန်းမကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ခတ်တို့ အကြိတ်အနယ်ခုခံနေကြောင်း သိရသည်။
AA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက "စစ်ကောင်စီဘက်ကတော့ အပြင်းအထန်ကို ခုခံနေတဲ့ အခြေအနေဗျ။ လေကြောင်းက လာပစ်တယ်၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ပြီးတော့ ဒရုန်းတွေနဲ့ရော အစုံသုံးပြီး ခုခံနေတာ" ဟု ပြောသည်။
နတ်ရေကန်ဗျူဟာစခန်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စ၍ AA နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး စစ်ကောင်စီက မြေပြင်ခံစစ် အပြင် လေကြောင်းအသုံးပြု ခုခံနေ၍ နှစ်ဖက်တိုက်ပွဲများမှာ ရက်ပေါင်း ၂၀ ကျော်အထိ ကြာမြင့်လာပြီ ဖြစ်သည်။
AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်မှာ ဗျူဟာကုန်းအနီးသို့ ထိုးဖောက်လာနေပြီး လက်ရှိ ဗျူဟာစခန်းကို ကာပစ် ပေးနေသည့် နေရာအချို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။
"တိုက်ပွဲကတော့ နေ့တိုင်းလိုလို ကြားနေရတာပါ။ မြေပြင်မှာ ငြိမ်နေရင်တောင် စစ်ကောင်စီက လေကြောင်း ပစ်ကူတွေ ခဏခဏ လာတာ တွေ့ရတယ်။ လက်နက်ကြီးအသံတွေကတော့ နေ့တိုင်းပါပဲ" ဟု မြေပြင်အခြေ အနေကို သိရှိသူတစ်ဦးက ပြောသည်။
နတ်ရေကန်ဗျူဟာစခန်းတွင် စစ်ကောင်စီ အင်အားရာချီရှိကာ လက်နက်ကြီးအမြောက်များလည်း တပ်ဆင်ထားသော ခံစစ်အခိုင်အမာ စခန်းကြီးတစ်ခု ဖြစ်သည်။ ထိုတပ်စခန်းသည် စစ်ကောင်စီအတွက် စစ်ရေးအရ လွန်စွာအရေးပါသဖြင့် အစွမ်းကုန်ခုခံနေခြင်းလည်း ဖြစ်သည်။
တော်လှန်ရေးတပ်များအနေဖြင့် နတ်ရေကန်ဗျူဟာကိုသာ သိမ်းပိုက်နိုင်ပါက အမ်း - ပဒါန်းလမ်းကို အခြေပြုပြီး မြေပြန့်ဒေသများသို့ ဆက်လက် စစ်ဆင်ရေးဖော်ဆောင်ရန် လွယ်ကူသွားမည်ဖြစ်သည်ဟုလည်း အကဲခတ်သူတို့က သုံးသပ်နေကြသည်။