- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
မြန်မာသို့ လက်နက်ရောင်းချမှု တားမြစ်ပေးရန် ကုလလူ့အခွင့်အရေးရုံးကအရေးပေါ်တောင်းဆို
ပြည်သူလူထုအားဖိနှိပ်မှု၊ အကြမ်းဖက်မှုများဖြင့် အုပ်ချုပ်နေသော မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချခြင်း၊ ဘဏ္ဍာရေးအကျိုးအမြတ် ရရှိစေခြင်းများကိုကမ္ဘာ့နိုင်ငံများအနေဖြင့် ပိုမိုတားဆီးသင့်ကြောင်းကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကစက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
19 Sep 2022

DMG | စက်တင်ဘာ ၁၉
ပြည်သူလူထုအားဖိနှိပ်မှု၊ အကြမ်းဖက်မှုများဖြင့် အုပ်ချုပ်နေသော မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချခြင်း၊ ဘဏ္ဍာရေးအကျိုးအမြတ် ရရှိစေခြင်းများကိုကမ္ဘာ့နိုင်ငံများအနေဖြင့် ပိုမိုတားဆီးသင့်ကြောင်းကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကစက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
သောကြာနေ့ကထုတ်ပြန်သည့် အစီရင်ခံစာ၌ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မြန်မာစစ်တပ်ကိုဖယ်ကြဉ်ထားကြရန် တောင်းဆိုထားသည်။ မြန်မာစစ်တပ်သည် နိုင်ငံအားအဓိပ္ပာယ်ပြည့်ဝပြီးရေရှည်ခိုင်မြဲသည့် နည်းလမ်းဖြင့် အုပ်ချုပ်ရန် ပျက်ကွက်ခဲ့သလိုဘဏ္ဍာရေးအကျပ်အတည်းကိုဖြေရှင်းနိုင်စွမ်းလည်းမရှိခဲ့ကြောင်းထည့်သွင်းဖော်ပြထားသည်။
ကုလအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ကိုလက်နက်ရောင်းချမှုများအားပိတ်ပင်ကြရန်နှင့် မြန်မာစစ်တပ်၏ စီးပွားရေးကွန်ရက်က ပြည်ပငွေကြေးသုံးစွဲခွင့်ရရှိနေခြင်းကိုတားဆီးနိုင်ရန်အတွက် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများဆောင်ရွက်ကြရန် အစီရင်ခံစာ၌ တောင်းဆိုထားသည်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာလူထုကိုထောက်ခံရန်နှင့် စစ်တပ်ကိုဘဏ္ဍာရေးအရဖယ်ကြဉ်နိုင်ရန်အတွက် ၎င်းတို့၏ လုပ်နိုင်အားကိုအစွမ်းကုန်အသုံးချသင့်သည်” ဟုအစီရင်ခံစာကဖော်ပြသည်။
မြန်မာနိုင်ငံအားအမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ကဒဏ်ခတ်ပိတ်ဆို့မှုများကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြသော်လည်း မြန်မာသည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးများလုပ်ဆောင်နိုင်ဆဲ ဖြစ်သလိုကမ္ဘာ့နိုင်ငံအများအပြားသည်လည်း မြန်မာစစ်တပ်အားစစ်ဘက်သုံးပစ္စည်းများထောက်ပံ့ပေးနေကြဆဲ ဖြစ်သည်။
မြန်မာစစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျုးလွန်ခြင်းများရှိနေကြောင်းကုလသမဂ္ဂကစွပ်စွဲထားသည်။ မြန်မာစစ်တပ်ကမူမိမိတို့သည် နိုင်ငံတော်ကိုထိခိုက်ဖျက်ဆီးရေးလုပ်ဆောင်နေသည့် “အကြမ်းဖက်သမားများ” ကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းတုံ့ပြန်ပြောကြားထားသည်။