- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
သက်ဆင်သည် မိမိကို ထိုင်းအစိုးရ လျှို့ဝှက်စာရွက်စာတမ်းများ ပေးခဲ့ဖူးကြောင်း ဟွန်ဆန်ထုတ်ပြော
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ၎င်း၏ မဟာမိတ်ဟောင်း သက်ဆင်သည် ထိုင်းအစိုးရ၏ ကမ္ဘောဒီးယားသို့ အကူအညီပေးရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများကို မိမိထံ မျှဝေပေးခဲ့သည်ဟု စွပ်စွဲပြောကြားလိုက်ကြောင်း Thai PBS သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Jul 2025

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ၎င်း၏ မဟာမိတ်ဟောင်း သက်ဆင်သည် ထိုင်းအစိုးရ၏ ကမ္ဘောဒီးယားသို့ အကူအညီပေးရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများကို မိမိထံ မျှဝေပေးခဲ့သည်ဟု စွပ်စွဲပြောကြားလိုက်ကြောင်း Thai PBS သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သက်ဆင်၏ လုပ်ရပ်များသည် နိုင်ငံတော်သစ္စာဖောက်မှု မြောက်သည်ဟု မှတ်ယူကြောင်းလည်း ဟွန်ဆန်က ပြောကြားသည်ဟု PBS သတင်းအရ သိရသည်။
လက်ရှိတွင် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဟွန်ဆန်သည် ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပခဲ့သော အထက်လွှတ်တော် အထူးအစည်းအဝေးပွဲ၌ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် ဟွန်ဆန်၏ ပြောကြားချက်များသည် အကြောင်းအရာများ ရှုပ်ထွေးနေသည်။ ၂၀၁၀ ခုနှစ်၌ သက်ဆင် ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အဆိုပါ အရေးကြီးစာရွက်စာတမ်းများကို မိမိထံ ပေးခဲ့ကြောင်း ဟွန်ဆန်က စွပ်စွဲသော်လည်း အမှန်တကယ်တွင် သက်ဆင်မှာ ထိုအချိန်က ရာထူးမှ ဖယ်ရှားခံထားရပြီဖြစ်ကာ ပြည်ပ၌ တိမ်းရှောင်နေထိုင်သောကာလ ဖြစ်နေသည်။
၂၀၁၀ ပြည့်နှစ်၌ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူမှာ အဘီဆစ် ဖြစ်ပြီး သက်ဆင်ကမူ ၎င်းကို ရာထူးမှ ဖယ်ရှားခဲ့သော ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း၌ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီ ဖြစ်သည်။
သက်ဆင် ပေးအပ်ခဲ့သော စာရွက်စာတမ်းများမှာ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ထောက်ပံ့မည့် ဘတ် ၁ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိသော အကူအညီနှင့် ဆက်နွှယ်နေကြောင်း ဟွန်ဆန်၏ ပြောကြားချက်အရ သိရသည်။
ယင်းအကူအညီမှာ ကမ္ဘောဒီးယားနိုင်ငံရှိ ချောင်ချွမ်း နယ်စပ်စစ်ဆေးရေးဂိတ်မှ အော်ဒါမင်ချေးပြည်နယ်အထိ ရှည်လျားသော ၁၁၃ ကီလိုမီတာကျော်ရှိ အမှတ် ၆၈ လမ်းမကြီး ပြုပြင်ရေးအတွက်ဖြစ်သည်ဟု ဟွန်ဆန်ကဆိုသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် ၂၀၀၉ ခုနှစ်၌ အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ထိုစဉ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားခဲ့သော ဟွန်ဆန်ဘက်က နောက်ပိုင်းတွင် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
"၂၀၁၀ တုန်းက အမှတ် ၆၈ လမ်းမကြီးကို ထိုင်းကပေးမယ့်ငွေတွေနဲ့ ပြန်မဆောက်ဘူးလို့ ကျွန်တော် ကြေညာခဲ့ပါတယ်" ဟု ဟွန်ဆန်က ပြောကြားသည်။
ထိုင်းကပေးအပ်မည့် အကူအညီကို ငြင်းပယ်ရန် ၎င်းဘက်က ဆုံးဖြတ်လိုက်သည်မှာ သက်ဆင် ထုတ်ပြခဲ့သော စာရွက်စာတမ်းများကြောင့် ဖြစ်သည်ဟုလည်း ဟွန်ဆန်က ပြောကြောင်း PBS သတင်းတွင် ဖော်ပြထားသည်။