ကမ်းခြေပုံပြင်

စာရေးဆရာမ မေလှိုင်းဖြူ၏ ဝတ္ထုတို ပေါင်းချုပ်စာအုပ်ဖြစ်သည်။ ပြည်မဖက်မှာ နာမည်ကြီးမဂ္ဂဇင်းများဖြစ်သော ရွှေအမြုတေ/ရုပ် ရှင်တေးကဗျာမဂ္ဂဇင်းတို့တွင် ဖော်ပြ ခဲ့ သောဝတ္ထုတိုများလည်းပါဝင်သည်။ စာရေးသူ၏အမှာစာမှာပါသည့်အတိုင်း ဝတ္ထုတိုအများစုက ငပီလီဒေသ နောက်ခံများဖြစ်ရာ ပင်လယ်/လှိုင်း/အုန်းပင် /စသည့် ဒေသ၏မြင် ကွင်းများက ဝတ္ထုအများစုတွင် တွေ့ရသည်။

စာရေးဆရာမ မေလှိုင်းဖြူသည် သရုပ်ဖော်အ ရေးအသားနှင့်ရသတို့ကို အနုပညာဖြင့်ပုံဖော် နိုင် စွမ်းရှိသော ကလောင်တစ်ချောင်းဖြစ်သည်။သူမ၏ အဖွဲ့များတွင် သတိပြုစရာ/သင် ခန်းစာယူစရာ/တွေးတောစဉ်းစားစရာတို့ဖြင့် ပြည့်နှက် နေ သည်။ စာအုပ်ထဲတွင် အမှာစာရေးပေးသော စာရေးဆရာ လှမြင့်အောင် (တောင် ကုတ်)မှလည်းယခုလို ရေးထားသည်။

*ဆရာမ မေလှိုင်းဖြူ၏ ဝတ္ထုများအပေါ် ပရိတ်သတ်က ပေါ့ပေါ့ဆဆ မဖတ်မိအောင် လက်တို့ရခြင်းသာ ဖြစ်ပါသည်။ ဆရာမနှင့်အတူ သူကျင်လည်ရာဒေသက လူ့သဘာဝများ ဆီ စီးမျောလိုက်ပါရင်း ခံစားမှု တစ်စုံတစ် ရာ ပွင့်လင်းမြင် သာလျှက် စာဖတ်သူလည်း ပါဝင် ပြောဆိုလိုသည်အထိစေ့ဆော်မှု ဖြစ်ပေါ်လာတန် ကောင်း၏။ ယင်းသည်ပင်လျှင် ဝတ္ထုရေးဆရာ၏ စေတနာကိုသိမြင်ရာရောက်ပြီ* ဟု အမှာစာရေးပေထားသည်ကို တွေ့ရသည်။

မိုးခါးရေးဝတ္တုတိုထဲတွင် ခေတ်ပြိုင် ခံစားမှုကို တွေ့နိုင်သည်။ ခေတ်ကာလစီးမျောမှုနဲ့အတူ မြေယာဝယ်သူများလာခြင်း/မမြင်ဖူးသော ငွေကြေးများကို မြင် ဖူးလာသည့်အခါ လူတိုင်း လိုလိုမိမိတို့၏ ဘိုးစဉ်ဘောင် ဆက်မြေယာများကို ရောင်းချလာကြခြင်း /ယင်းအ ခြေ နေများတွင် မိသားစုထဲတွင်သ ဘောထားကွဲလွဲမှု ရှိလာကြခြင်းများကို ကြုံလာကြ ရသည်။

*မြေဆိုတာ ရွှေမဟုတ်ဘူး ကိုငလုံး။ရွှေဝယ်ပြီး ပြန်ရောင်းရင် ရှုံးတာမှန်ပေမယ့် ကြိုက်တဲ့အချိန် ပြန်ရောင်းလို့ရတယ်။ မြေဆိုတာက ဝယ်သူရှိတုန်း ရောင်းရတာ။ ဝယ်သူမရှိရင် ရှင့်ပစ္စည်း သိန်းတစ်ရာနဲ့ရောင်းလည်းမထွက်ဘူး။ ပြီးတော့ သိန်း ၅၀၀ ဆိုတဲ့ငွေကို ကျုပ်တို့တစ်သက် ကိုင် ဖူးလို့လား။* စသည့် အခင်းအကျင်းများသည် ခေတ်ပြိုင် ခံစားမှုများ ဖြစ်သည်။ ယင်းဝတ္ထုတိုကို ရေးရာတွင် စာရေးဆရာမ မေလှိုင်းဖြူ၏ ဇာတိမြေကို ကာကွယ်လိုသော စေတနာတရားကို တွေ့နိုင် ပါသည်။မြေယာကို မကြုံဖူးသည့်ဈေးနဲ့ရောင်းချပြီး အနာဂတ်အတွက် မစဉ်းစားမိသူများကို သူမြင် မိသမျှကို အနုပညာနဲ့တန်ဆာဆင်ထားသည်။

ယင်းဝတ္ထုတိုနဲ့အတူ အိပ်မက်ဘယ်ဆီ ငပလီ/ချစ်ခြင်း၏ရသ/ရွှေမေတ္တာနေရာချင်းတော့မတူ/လျော်ကြေး/ခရုပုံပြင်/မိုးခါးရေ/ပိတောက်လမ်း/အကယ်ဒမီနဲ့တစ်ပွဲတစ်လမ်း/လွပ်လပ်စွာပြောခွင့်ပေး/အချစ်ဆိုတာ မတည်မြဲသော အရာ/ချစ်သူတို့ ၏မောင်း ထောင်းပွဲ/ရင် ထဲက အတ္တဆူး/"စာ"နဲ့"စွာ" စသည့် ဝတ္တုတို ၁၄ ပုဒ်ပါဝင်သည်။

လင်းလွန်းခင် စာပေမှ ၂၀၁၆ ဖေ ဖော်ဝါရီလတွင် ထုတ်ဝေပြီး တန်ဖိုး ၂၀၀၀ ကျပ်ဖြင့်ဖြန့်ချီသည်။

By မေလှိူင်းဖြူ 20 May 2017