တြိဂံများ

ရခိုင် မော်ဒန်ကဗျာဆရာ နာနို(Aryan) သုံးအုပ်မြောက် လုံးချင်းကဗျာစာအုပ်ဖြစ်သည်။

တစ်အုပ်လုံးမှာ ရခိုင်စကားသံများဖြင့် ရေးသားထားခြင်းဖြစ်သည်။

ခေတ်ပေါ်။ ခေတ်ပြိုင်။ မောဒန်။ ပို့စ်မော်ဒန် စသော ကဗျာအမျိုးအစား ၂၉ ပုဒ်ဖြင့် ဖန်တီးထားသော စာအုပ်သည် မော်ဒန်ကဗျာကို လေ့လာလိုသူတိုင်း နှစ်သက်သူတိုင်း ဖတ်ချင်စရာ ကောင်းသောစာအုပ်တစ်အုပ်ပါ။ ယင်းကဗျာများထဲမှ စကားလုံးသုံးစွဲပုံ။ ဖန်တီးပုံတို့မှာ နာနို (Aryan) မှော်ဝင်သော လက်ရာများဖြစ်သည်။

*ကမ္ဘာပေါ်မှာ

ကိုယ့်အစာအိမ်ထဲကကိုယ်

ရုန်းမထွက်နိုင်ရေလူတိ

ဇာလောက်ဟိလေးလို့

ပျင်းဖို့ကောင်းရေ။

လမ်းနန့်လူနန့်

ဖြောင့်မတ်ခြင်းတရားကို ရှာဖွီဖို့

တူညီသော အနားတိလေ့

ဆန့်ကျင့်ဖက် ဖြစ်ခစွာ

ပျင်းဖို့ကောင်းရေ။

သမိုင်းရာဇဝင် ဆိုစွာ

နက်ဖန်ခါတိုင်းအတွက်

လူငယ်တိလျှောက်ဖို့လမ်းတလမ်းဗျာလ်လို့

တွေးယင်း ငေးယင်း

ပျင်းဖို့ကောင်းရေ။

 

ဂုဏ်" တလုံးဟိမှ

ခေါင်းတလုံးဖော်နိုင်ရေ လောက

အတွေးမွဲတေမှု ပြသနာနန့်

ခံယူချက်တိ လူလားမမြောက်ကတ်စွာလေ့

ပျင်းဖို့ကောင်းရေ။

 

သံစဉ်မပီရေဂီတာတလက်နန့်

ရစ်သမ်ကျင့်ယင်း

နှင်းဆီတပွင့်၏သက်ပြင်းစွာ

နောက်ကျလားရေမိုးထဖက်တစ်ခုဖြစ်ခလို့

ပျင်းဖို့ကောင်းရေ။

 

လမ်းက ကျောက်ခဲကို ကောက်ကေ

နောက်ဘဝလမ်းမှာကျောက်ဖြစ်တတ်တေလို့

အသိ(၁၈)နှစ် မပြည့်သိရေ

လူကြီးတိ ဒသနကို ကြားနီရစွာကိုက

ပျင်းဖို့ကောင်းရေ။

 

ပျင်းဖို့ကောင်းရေ ကဗျာမှ

စာမျက်နှာ ၄၄ ၄၅

 

ငါရို့မသင် ရေ သင်ခန်းစာတိစွာ

ငါရို့ ကံကြမ္မာဖြစ်လာယင့်

အတ္တအိမ်ဝင်္ကပါထဲက

အယစ်လွန် သွီးတိကို ဆွဲထုတ်ဖို့

အကောင်းဆုံးကို ပျင်ဆင်ဖို့အတွက်

ဒဏ် ရာတိကိုဖွင့်ကြည့်နီစရာမလို

သီဆုံးခြင်းစွာရှင်သန်ခြင်း ဖြစ်တေပိုင်

ရင်ဆိုင်ခြင်းဆိုစွာလေ့

တိုက်ခိုက်ခြင်းဖြစ်တေ

ကြွီလာယ်ကြွီ ကြွီချင်သလောက်ကြွီ

ကြယ်ကြွီလကြွီ တောကြွီ တောင်ကြွီ

ပင်လယ်လေ့ ကြွီ ရိုးမလေ့ကြွီ

ကြွီရဲလို့ကြွီရေ

သွီးစက်စက်နီ အောင်လံကို

အမြင့်ဆုံးမှာ ရွှတ်တင်ထားမေ။

 

ဘီလူးမတိုင်းပြည်ကို စစ်တိုက်ထွက်ခြင်း ကဗျာမှ

စာမျက် နှာ ၂၁

 

"ရခိုင်ပြည်က ကြိုဆိုပါရေ"

လမ်းအပျက် အိမ်အပျက်နန့်

ခေတ်အပျက် စနစ်အပျက်နန့်

နိုင် ငံလေ့အပျက် ရာသီလည်းအပျက်

မျှော်လင့်ချက် မဟိရေ ကောင်းကင် မာ

ကိုယ်ထူကိုယ်ထ ကြယ်တိနန့်

လင်းနီရဗျာလ်။

-------- 

ဓားသွားထက်က ရက္ခိတ စိတ်တိ

နှင်းစက်မျှော် ရေ သဇင် ချိုတိ

ဆားလူးခံရ ရေ တီတ ကောင် ပိုင်

တွန့်လိမ်နီကတ်တေစိတ်မီးစတိ

အမှန်နန့်အမှားမာ

ခြားနားရေအရသာတိအပြည့်နန့်။

 

နာကြင် မှုအသီးအပွင့်ကလွဲကေ

အချိန်တခုကို ပြုဖို့စောင့်ယင်းမျှော်ယင်း

လာလမ်းအတိုင်းပြန်လားကတ်တေလူတိ

ကိုယ့်ကိုကိုယ် ပြန်မျှားခ ရေ မြစ်တိ လူတိ

ထိုးစိုက်နီရေဓားတ ချောင်းမာ

ဆတ်ဆတ်တုန်နီရေဘဝတိ ကာလတိ

အမှားမခံနိုင် ရေ မာနတချို့ကို

စွန့်လွှတ်တည်ဆောက် လိုက် ရဗျာလ်။

 

ရက္ခပူရ ကြေးမုံ ကဗျာမှ

စာမျက်နှာ ၅၄ ၅၆ ၅၇

 

ယင်းကဲ့သို့ လှပထိမိစူးရှသော အဖွဲ့အနွှဲ့များဖြင့်ရေးထားသော ကဗျာစာအုပ်တွင် တခြားသော ကဗျာများမှာလည်း ကောက်နုတ်ပြစရာကောင်းလောက်အောင် ကောင်းမွန်ကြကြောင်း အထူးပြောစရာမလိုပေ။ နာနို(Aryan)သည် ရှေ့တွင် လည်း သွီးတစ်စက်၏ ရွက်ဝါလူးဗေဒ။ ပန်းသဘင် ကိုလာသော နက္ခတ်စသော ရခိုင်ကဗျာလုံးချင်းနှစ်အုပ်ကို ထုတ်ဝေထားပြီး ကဗျာချစ်သူ။ ကဗျာကို မြတ်နိုးသူတို့ကြားတွင် အောင်မြင်နေသော ကဗျာဆရာ တစ်ဦးလည်းဖြစ်သည်။

ယခုစာအုပ်တွင် လက်ချောင်းများ။ ဝမ်း၏ ထောင့်မှန်များ။ နယ်ရုပ်။ အချေတယောက်နန့်ပင် လယ်တစင်း။ အဘောင်သျှင်ပြောရေ ဝတ္ထု။ ဘီလူးမ တိုင်းပြည်ကို စစ်တိုက်ထွက်ခြင်း။ မျှား။ သမိုင်းယှုံးရေရွာ။ မျဉ်းမဟိရေ ဆလား။ လူ။ ဖြစ်တည်မှု။ တောအုပ်။ အချိန်။ ခေါင်းအုံးမှားရေ ည။ ပြတင်းပေါက်ထဲကအရောင်။ ဖြတ်ပိုင်းပုံ။ အဇ္ဈတ္တသို့ လားရေလမ်း။ FOR SALE။ ပျင်းဖို့ကောင်းရေ အသံ။ZOOM ငါ့လက်သူကြွယ်မာပေါက်တေ ငါးမျက်စိ။ ရက္ခပူရကြေးမုံ။

အရူးမ။ ရွာ။ အရိုင်းသက္ကရာဇ်။ ဝှက်ဖဲချပ်တိ ဖတ်စာ။ 2015 .NOVEMBER. 08။ လမ်း။ ပြန်စရာ အိမ်မဟိရေ ညတိအကြောင်း။ အစရှိသော ကဗျာများပါဝင်သည်။

လက်ချောင်း ကဗျာထဲက နှုတ်ဆက် စာသားထဲတွင် *လူဆိုစွာ ကိုယ့်မာဟိစွာ ကိုယ်သိဖို့လိုရေပိုင် ကိုယ့်မှာမဟိစွာလေ့ ကိုယ်သိဖို့လိုပါရေမနှား။ ငါ့မာဟိစွာ တခုတည်းဗျာလ်။ ကဗျာ။ ကဗျာကလွဲလို့ အားလုံးနန့်လွဲခရေကောင်ပါ။ ကဗျာဆိုစွာ ပွင့်စီကြွီစီရေ စိတ်အပေါင်းရို့ကကြိုးမျှင် လေ့ဖြစ်တေ။ အနည်းဆုံးတော့ လူတယောက်စွာ လူသားဖြစ်စဉ်ကို ထိတွိမိခဖို့ ကိုယ့်နှလုံးခုန်သံကိုယ် ဆားမြည်းကြည့်ဖို့တောလိုပါရေ။ * ဟု ဖော်ပြထားသည်။

ယင်း ရခိုငလုံးချင်းစာအုပ်အား ရခိုင်သားကြီးစာပေမှ ၂၀၁၆ စက်တင် ဘာလတွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး တန်ဖိုး ၁၅၀၀ ကျပ်ဖြင့်ဖြန့်ချီသည်။

By နာနို 19 May 2017