- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
သေခြင်း ဖီလိုဆိုဖိ
ရခိုင့်လူမှုဘဝ/ နိုင်ငံရေး အခြေအနေများကို ရေးဖွဲ့ထားသည့်စာအုပ်ဖြစ်သည်။ အုန်တော/ ထွန်းကြယ်သိုက်/ ခိုင်မင်းစံတို့၏ ပေါင်းစည်းထားသည့် စာပေလက် ရာဖြစ်သည်။ သေခြင်းဖီလိုဆိုဖီမှာ ထွန်းကြယ်သိုက်၏ ဆောင်းပါးခေါင်းစဉ်တစ်ခု ဖြစ်သည်။ ရခိုင့်နွေဦးဟုခေါ်ဆိုနိုင် လောက်သော နိုင်ငံရေးပွင့်လင်းလာစတွင် ရခိုင်တိုးတက်ရေးဂျာနယ်တွင် ရေးခဲ့သော ဆောင်းပါးများဖြစ်သည်။
29 May 2017
မေလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည် (DMG) ။ ။ ရခိုင့်လူမှုဘဝ/ နိုင်ငံရေး အခြေအနေများကို ရေးဖွဲ့ထားသည့်စာအုပ်ဖြစ်သည်။ အုန်တော/ ထွန်းကြယ်သိုက်/ ခိုင်မင်းစံတို့၏ ပေါင်းစည်းထားသည့် စာပေလက် ရာဖြစ်သည်။ သေခြင်းဖီလိုဆိုဖီမှာ ထွန်းကြယ်သိုက်၏ ဆောင်းပါးခေါင်းစဉ်တစ်ခု ဖြစ်သည်။ ရခိုင့်နွေဦးဟုခေါ်ဆိုနိုင် လောက်သော နိုင်ငံရေးပွင့်လင်းလာစတွင် ရခိုင်တိုးတက်ရေးဂျာနယ်တွင် ရေးခဲ့သော ဆောင်းပါးများဖြစ်သည်။
စာရေးဆရာ မောင်ခိုင်အောင်၏ အမှာစာတွင် ယခုလို ရေးထားသည်ကို တွေ့ရသည်။ "နိုင် ငံရေးပါတီ၏ စာစောင်ဖြစ်သောကြောင့် နိုင်ငံရေးဆန်ဆန် ရဲရင့်ပွင့်လင်းစွာ ရေးသားလာကြသည်။ အစပိုင်းတွင်တော့ အနုပညာက လက်ရိုင်းခြေရိုင်းဖြစ်သည်။ တဖြည်းဖြည်းနှင့် လက်ယဉ်ခြေယဉ် ဖြစ်လာကြသည်။ အယင်တုန်းက သည်လိုအခွင့်အလမ်းများ ရရှိဖို့ မလွယ်ကူပေ။ လုံးဝပိန်းပိတ် မှောင်နေသော ကာလဖြစ်သည်။ ဒီမိုက ရေစီ ဆိတ်သုန်းနေသော ကာလမှလင်းရောင်ခြည် စသန်းလာခြင်းဖြစ်သည်" ဟု မှတ်ချက် ပြုထားသည်ကို တွေ့ရသည်။
ခိုင်မင်းစံ/အုန်တော/ထွန်းကြယ်သိုက်တို့၏ လက် ရာများ သည် အတွဲညီပြီး နိုင် ငံရေးကို ရသအဖွဲ့ဖြင့် ရေးသား ထား ကြရာ အ ရေးအသားများက ဆန်းသစ်သည်။ ထွန်းကြယ်သိုက်၏ သေခြင်းဖီလိုဆိုဖီတွင် "ဆိုက ရေးတီးသည် သေရမယ့်ဘေးမှ ပြေးလိုကပြေးထွက် နိုင်သည်။ လွတ်မြောက်နိုင်သည့် နည်းလမ်းပေါင်း များစွာရှိသလို လျှို့ဝှက်ကူညီမည့် သူများလည်း များစွာ ရှိသည်။သို့သော် သူသည်သူ့ကိုယ်သူ သတ်သေလိုက်သည်။ သူချစ်သော သူယုံကြည်သောကြောင့် အကျိုးထွေထွေအတွက် အသက်ကိုစတေးသွားသည်။ ပြောရလျှင် သူ၏သေခြင်းမှတ်တိုင်သည် သစ္စာတရားဖြင့် လှပ၍နေသည်။ ဗိုလ်ခိုင် မိုးလင်းသည်လည်း သေရမယ့်ဘေးမှ ရုန်းထွက်လိုက ရုန်းထွက်၍ရသည်။ ဘာမှမခက်။ လက်မြှောက် အရှုံးပေးလိုက်လျှင်ပြီးသည်။
သို့သော် မျိုးမာန်ကြီးမြတ်သော သူရဲကောင်းပီသစွာ သူ့ကိုယ်သူ သတ်သေလိုက်သည်။ "ရန်သူ့ထံ လက်မြှောက်ခြင်းသည် အဖိနှိပ်ခံပြည်သူများအတွက် ခွင့်မလွှတ်နိုင်သည့် ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်သည်။" ဟု သူ ဤသို့ခံယူသည်။ သူသည် ရခိုင်ကိုချစ်သည်။ လွတ်လပ်မှုကို ချစ်သည်။ လွတ်လပ်မှုမရှိသော ရခိုင်ပြည်ကြီးအတွက် သူသည်အချိန်တိုင်း ကြေကွဲနေခဲ့သည်။ အချိန်တိုင်း ကြိုးစားနေခဲ့သည်။ အမျိုးသားရေးအတွက် သေဝံ့သည့် အာဇာနည် စိတ်ဓာတ်သူ့တွင်ရှိရာ သူသတ်သေ သွားသည်။ ဆိုရသော် သူ၏သေခြင်းမှတ်တိုင်သည်လည်း လွတ်လပ်လိုသော နှလုံးသားသွေးတို့ဖြင့် ရဲရင့်လှပမွန်မြတ်၍နေသည်။ " ဟု အပိုဒ်က ၎င်းတို့၏ စာပေကိုခန့်မှန်းနိုင် သည်။ ခိုင်မင်းစံ၏ စာအုပ်မှတ်ချက်တစ်ခုက "ခေတ်အဆက်ဆက်တိုင်းမှာ အမျိုးသားရေးဟာ ခေတ်မီ တယ်။ လုပ်သင့်တယ်။ လုပ်ခဲ့ကြတယ်။ လုပ်နေကြဆဲ အဖိနှိပ်ခံပြည်သူဘက်က ထာဝစဉ်ရပ်တည်တာဟာ အမျိုးသားရေးပါ "ဟု ဖော်ပြထားသည်။
အုန်တော၏ မှတ်ချက်တစ်ခုက "ဘယ်ပေတံနဲ့တိုင်းပါစေ ခေတ်တိုင်းမှာ သတင်းစာဂျာနယ်ဟာနိုင်ငံရေးနှင့် အထိတွေ့ဆုံး နိုင်ငံရေးအဆန်ဆုံး ဖြစ်တာတွေ့ရတယ်။ ၂၀၁၀ နောက်ပိုင်းခေတ် ရခိုင်မြေမှာ ပထမဆုံးထွန်းကားတဲ့ တိုးတက်ရေးသတင်းလွှာရဲ့ အတိမ်အနက်ကို ပြည်သူတွေ အသိအမှတ်ပြုကြမှာပါ။ " ဟု ဖော်ပြထားသည်။ သူတို့သုံးဦး၏ လက်ရာများဖြစ်သော စက်တင်ဘာမိုးစက်များနှင့်အတူ/ ကိုဖီအာနန် ကော်မရှင် ဘာလဲ ဘယ်လဲ/ သေခြင်း ဖီလိုဆိုဖီ/ ၂၀၁၃ သျှစ်သောင်း ပွဲနှင့်တွေ့ရှိချက် ခုနှစ်ပါး/ ဆစ်ဖလစ် မျောက်ဆိုး/ ရိုးမ၏ ငိုရှိုက်သံ/အနီရောင် လက်သည်းချွန်ချွန်များနှင့် ကျွနုပ်တို့၏ ပြတင်း/မြောက်ဦးမှအပြန် မော်တော်ပေါ်မှ အတွေးများ/ ဒီဇင် ဘာနှင်းစက်များနှင့် အတူ/ လွဲချော်နေသော Check and Balance နှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး/ မက်ကီရာဗယ်လီယန်ပြဇာတ်နှင့် ဂျွန်စတိန်းဘတ်၏ စပျစ်နွယ်/မျှော်လင့်ခဲ့ကြပါသည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး/တော်ဝင် အိပ်မက်လွမ်းခြင်းဖွဲ့သော သဇင်မျက်ရည်ညကို ဖြတ်သန်းခြင်း/၉/၁၀ အကြမ်းဖက်မှုနှင့်ပတ် သက်၍/ဝသုန္ဒြေကို တိုင်တည်ပါ၏/ ကြောက်ရောဂါ လာရာဇစ်မြစ်နှင့် ချစ်သော စည်ကြီးသံ အစရှိသည့် ဆောင်းပါး ၁၆ ပုဒ်ပါဝင်သည်။
ယခုစာအုပ်အား ရခိုင်အမျိုးသားပါတီမှ ဒုဥက္ခဌ ခိုင်ပြည်စိုးမှ စီစဉ်ပြီး ဦးမြင့်နိုင်မှ ၂၀၁၇ ဖေ ဖော်ဝါရီတွင် ထုတ်ဝေထားကာ တန်ဖိုး ၁၅၀၀ ဖြင့် ဖြန့်ချီသည်။