- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
အနောက်ဖက်တံခါး မြေလုစစ်ပွဲ
စာရေးဆရာ/သတင်းစာဆရာတစ်ဦးဖြစ်သူ သားရွှေဦး (ကစ္ဆပ) ၏ အနောက်ဖက်တံခါး မြေလုစစ်ပွဲသည် ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့မှ အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ် ကျီကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ်/ငါးခူရကျေးရွာရှိ နယ်ခြားစောင့် ရဲစခန်းနှင့် ရသေ့တောင်မြို့နယ်မှာရှိသော ကိုးတန်ကောက် နယ်ခြားရဲစခန်းများ အကြောင်းကို ကိုယ်တိုင်သတင်းလိုက်စုံစမ်းကာ ရေးသားထားသော စာအုပ်ဖြစ်သည်။
အနောက်ဖက်တံခါးမှ အကြမ်းဖက် ခြိမ်းခြောက်ခံရမှု။ မောင်တော အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီး ၁၇ ရက်အကြာ။ အနောက်ဖက်တံခါးမှာ ကောက်ရိုးမီးလုံခြုံရေး မဖြစ်ပါစေနဲ့။ မောင်တော အကြမ်းဖက်မှုကို မီဒီယာတွေ ဘယ်လို ချဉ်းကပ်ခဲ့သလဲ။ UN နဲ့ နိုင်ငံတကာ သံတမန်တွေက မောင်တောအကြမ်းဖက်မှုကို ဒီတစ်ခါ ဘယ်လို ရှုမြင်သုံးသပ်ကြမလဲ။ မောင်တောနယ်စပ် အကြမ်းဖက်မှု ရက်ပေါင်း ၄၀ အကြာ။ UN ဝန်ထမ်းတွေကို ဘယ်လို စိစစ်အရေးယူမလဲ။ စနစ်တကျ အကြမ်းဖက်တိုက် ခိုက်မှု။ အနောက်ဘက် တံခါးကို ဘယ်လိုပြောခဲ့ကြသလဲ။ အနောက်ဘက်တံခါး ထပ်မကျိုးပေါက်ဖို့ ဘာတွေလုပ်ရမလဲ။ စသော ဆောင်းပါး ၁၀ ပုဒ်အပြင် လွှတ်တော်ကိုယ်စားလှယ်များ။ ဥပဒေပညာရှင်။ ရခိုင်မျိုးစောင့်အဖွဲ့ဝင်နှင့် မောင်တော ဒေသခံများဖြစ်သော ရခိုင်လူမျိုးများအပါအဝင် ဘင်္ဂလီ တချို့ကိုလည်း အင်တာဗျူးများ မေးမြန်းထားသည်။
သားရွှေဦး (ကစ္ဆပ) သည် လက်ရှိတွင်လည်း Weekly Eleven မှ ရခိုင်ပြည် သတင်းထောက် တစ်ဦးဖြစ်ပြီး ယခုစာအုပ်အား ရေးသားရာတွင် ဘက်မျှသောအတွေး Impact နှစ်ဖက်အသံပါသော အချက်အလက်များကို အခြေပြုကာ ရေးသားခြင်းဖြစ်ရာ သမိုင်းဒဏ်ရာမပါပဲ ပကတိတရားများကို တွေ့မြင်ရမည့်စာအုပ်ဖြစ်သည်။ အရှေ့ဘက်ကောင်းကင် စာပေမှ ၂၀၁၇ ဇန်နဝါရီလတွင် ထုတ်ဝေပြီး တောင်မင်းကြီး ကျော်ထွီးစာပေမှ တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ဖြန့်ချီသည်။
ထုတ်နုတ်ရေးသားသူ - ကျော်လင်း (ရောင်စုံ)/DMG
13 May 2017