- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
အိုင်ရင်းနှင့်အိဗ် ကျူရီ
စာရေးဆရာ မောင်ခိုင်အောင် (စစ်တွေ) ၏ ဘာသာပြန် လက်ရာဖြစ်သည်။ ဘာသာပြန်ဆရာက ဤစာအုပ်နှင့် ပတ်သက်၍ အမှာစာတစ်နေရာတွင် ယခုလိုဖော်ပြထားသည်။
*မဒမ်ကျူရီဟု လူသိများသော ပိုလန်သူ မာယာစကလို ဒေါ့စကာ ဖြစ်ပါသည်။
သူ့သမီး အိုင်ရင်းနှင့် ခင်ပွန်းသည် ဂျူလီယော့တို့သည်လည်း နိုဘယ်ဆုရ သိပ္ပံပညာရှင် များဖြစ်ကြသည်။ ဂျူလီယော့သည် ဒုတိယ ကမ္ဘာစစ်ကာလတွင် ပါရီ၏မြေအောက်တော်လှန်ရေး ခေါင်းဆောင်။ စစ်အပြီးတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ခေါင်းဆောင်ဖြစ်သည်။ မိခင်၏ အတ္ထုပတ္တိကိုရေးဖွဲ့သူ အိဗ်ကျူရီသည် ငယ်စဉ်ကတည်းက ပါရမီရှင် စန္ဒယားဆရာမဖြစ်သည်။ စစ်ကာလတွင် ရှေ့တန်းစစ်မျက်နှာများ။ အာရှ။ ဥရောပအနှံ့ရောက်ရှိခဲ့သော စစ်သတင်းထောက်။ စာပေ စစ်သည်တော်ဖြစ်သည်။ စစ်ကြီးပြီးသောအခါ ယူနီဆက် ပရဟိတ သံတမန် ဖြစ်လာသည်။ သူမ၏ ခင်ပွန်းသည် ယူနီဆက်ကိုယ်စား ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရယူခဲ့သည်။
* ကျွန်မတို့ မိသားစုမှာ နိုဘယ်ဆုတွေ အများကြီးပဲ။ မေမေကနှစ်ခု။ ဖေဖေကတစ်ခု။ အစ်မတို့လင် မယားက တစ်ခုစီ။ ကျွန်မ ယောင်္ကျားကလည်း တခုယူလိုက်ရသေးတယ်။
ကျွန်မက ဘာမှမရဘူး။ မအောင်မြင်ပါဘူး။ မိသားစုထဲမှာ ကျွန်မကရှက်စရာပဲ* ဟု အိဗ်ကျူရီက ရယ်ရယ်မောမောနှင့် နောက်ပြောင်ပြောဖူးသည်။ သမိုင်းတန်ဖိုးကြီးသော အနုပညာဆန်လှသော ဘဝများပါတကားဟု ဘာသာပြန်သူမှ မှတ်ချက်ပြုထားသည်။
မိသားစုဘဝဆိုသော အပိုဒ်တွင်
*အမှန်စင်စစ် သူတို့သည် ကျော်ကြားမှုကိုမကြိုက်။ မခံစားတတ်။ ဂုဏ်ပကာသနကို မမက်မော။ သူတို့ဘဝကို သိပ္ပံပညာတွင် မြုပ်နှံထားသည်။ အချိန်နာရီများကို အလုပ်၌သုံးစွဲသည်။ သူတို့တန်ဖိုးထားသည်မှာ စိတ်၏ငြိမ်းချမ်းမှု။ လွတ်လပ်စွာ စဉ်းစားတွေးခေါ် မြော်မြင်မှုသာ ဖြစ်သည်။ သူတို့က အလုပ်ကိုတန်ဖိုးထားသည်။ ဟု ဖော်ပြထားရာ ယခုစာအုပ်သည်
ကမ္ဘာကျော်သိပ္ပံပညာရှင်။ နိုဘယ်ဆုရ မိသားစုတစ်စု ဖြတ်ကျော်လာခဲ့သော ခေတ်ကိုသော်လည်းကောင်း။ ၎င်းတို့၏ပညာရပ်အပေါ် တန်ဖိုးထားပုံနှင့် လောကဓံကို ရဲဝံ့စွာရင်ဆိုင်ကြသည်ကိုလည်းကောင်း။ အရေးကြုံလာလျှင် တိုင်းပြည်နှင့် လူမျိုးအပေါ် သက်စွန့်ဆန်ဖျားကူညီကြပုံကိုလည်းကောင်း စိတ်လှုပ်ရှားဖွယ်။ အတုယူလေးစားစရာ
ကောင်းဖွယ်တို့ကို ဖတ်ရှုကြရမည်ဖြစ်သည်။
မုံရွေးစာအုပ်တိုက်မှ ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သည်။ တန်ဖိုးမှာ ၂၇၀၀ ကျပ်ဖြင့် ဖြန့်ချီသည်။
14 May 2017