ကမန်တိုင်းရင်းသားတွေ မူလနေရာပြန်လည်ချထားပေးဖို့ နိုင်ငံတော်အစိုးရကို တောင်းဆို

27 Apr 2017

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ဒေသခံ ကမန်တိုင်းရင်းသားတွေကို မူလမြေနေရာ ပြန်လည်ချပေးပြီး နေထိုင်ခွင့်ပြုဖို့ နိုင်ငံတော်အစိုးရနဲ့ လူမှူကယ်ဆည်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကို ကမန်လူမျိုးတွေက တောင်းဆိုလိုက်ပါတယ်။ 

မနေ့က ဧပြီလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ဆက်လက်အကောင်အထည်ဖော်ရေး လက်ရှိအစိုးရနဲ့ဆွေးနွေး

26 Apr 2017

အရင် သမ္မတဦးသိန်းစိန် အစိုးရနဲ့ သဘောတူစာချုပ် စာချုပ်ဆိုခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံက CITIC ကုမ္ဗဏီမှ ဥက္ကဌဦးဆောင်တဲ့ ကိုယ်စားလှယ်ကလက်ရှိအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီလ ၂၁ ရက်နေ့ကလာရောက်ဆွေးနွေးခဲ့တယ်လို့ BBC က ဖော်ပြပါတယ်။

ရသေ့တောင်မြို့နယ် ရွာအိုးဖောက်ကျေးမှာ ဓါးပြတိုက်မှူဖြစ်ပွား

25 Apr 2017

ရသေ့တောင်မြို့နယ်၊ အုတ်ဖို(အိုးဖောက်)ကျေးရွာမှာ ဓါးပြတိုက်လုယက် သတ်ဖြတ်ခံရတာကြောင့် အမျိုးသမီးတစ်ဦးဒါဏ်ရာရရှိပြီး အခု ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံမှာ ကုသခံနေရပါတယ်။

ဒဏ်ရာရသူအမျိုးသမီးမှာ အသက် ၂၈ နှစ်အရွယ် ဒေါ်ဖြူမကြီးဖြစ်ပါတယ်။

ခိုင်မျိုးထွန်းကို ယနေ့ တရားစွဲချက်တင်လို့ပြီ

25 Apr 2017

ယနေ့ ခိုင်မျိုးထွန်းကို တရားလိုဘက်က စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲချက်တင်လို့ပြီလို့ ခိုင်မျိုးထွန်းရဲ့ တရားလွှတ်တော်ရှေ့နေက  မမေသက်ခိုင်က ပြောဆိုပါတယ်။  

ဒေါက်တာအေးမောင်နဲ့ အမ်းပြည်သူများအား မောင်တောပြည်သူများဂုဏ်ပြု

05 Apr 2017

ရခိုင်အမျိုးသားပါတိက အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ အမ်းမြို့နယ်ရှိ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေဖြင့် မောင်တောမြို့နယ်ရှိ ဒေသခံရခိုင်တိုင်းရင်းသားများက မောင်တောမြို့နဲ့ ရခိုင်ကျေးရွာတွေကို ကားဖြင့်လှည့်လည်ကာ အောင်ပွဲခံယူမှုတစ်ရပ်ကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ ရဲတပ်သားတစ်ဦး သေနတ်ပစ်ဖောက်မှူကြောင့် ဒေသခံတစ်ဦးသေဆုံး

04 Apr 2017

 ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ ရဲတပ်သားတစ်ဦးရဲ့ သေနတ်ကို ဒေသခံတစ်ဦးက လုယူရာမှာ ရဲတပ်သားက သေနတ်မောင်းခလုတ်ကို ဆွဲမိတာကြောင့် အရပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ပေါက်တောမြို့မရဲစခန်းမှ သိရပါတယ်။

ကျည်ထိုးထားသော နတ်မောင်းခလုတ်ကို ဆွဲမိသူမှာ ရဲတပ်သား ထွန်းလင်းဖြစ်ပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သူမှာ ဦးမောင်ဖြူဒေါင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသား ဥပဒေကို လဝကဌာနနဲ့ ရခိုင်ရှေ့နေတွေ အဓိပ္ဗါယ်ဖွင့်ဆိုချက် ကွဲလွဲနေ

03 Apr 2017

ဘင်္ဂလီတွေကို နိုင်ငံသားကဒ်ထုတ်ပေးတာဟာ ဥပဒေနဲ့ မညီဘဲ ထုတ်ပေးတယ်ဆိုပြီး ရခိုင်ပြည်သူလူထုက ဆန္ဒဖော်ထုတ်နေတဲ့အတွက် ပြည်နယ် လဝကဌာနက မြန်မာနိုင်ငံသား ဥပဒေအား ရှင်းလင်းပွဲတစ်ခုကို ယနေ့ ဧပြီလ ၂ ရက်နေ့ စစ်တွေ ခိုင်သဇင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ 

အတိုက်အခံပါတီကို အလေးအနက်ထားရန် ဒေါက်တာအေးမောင်ပြော

03 Apr 2017

ဒီမိုကရေစီအစိုးရတစ်ရပ်မှာ အတိုက်အခံပါတီရဲ့ တောင်းဆိုမှုကို အလေးအနက်ထားပေးရမှာဖြစ်တယ်လို့ အမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။

လေဆိပ်ဝန်ထမ်းတွေကို ဆုံးမကြရန်နဲ့ ဝေဖန်ပေးကြဖို့ ခရီးသွားပြည်သူသို့ တိုက်တွန်း

29 Mar 2017

 လေဆိပ်ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေဟာ မသင့်တော်တာတွေ၊ အမြင်မတော်တာတွေ ဖြစ်နေရင် ဆုံးမပေးကြဖို့နဲ့ ဝေဖန်ပေးကြဖို့ ခရီးသွားပြည်သူသို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ နံနက် စစ်တွေလေဆိပ် အဆောင်သစ် ဖွင့်ပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ဂျပန်မှလှူဒါန်းသည့် ကမ်းရိုးတန်းပြေးရေယာဉ်အား မြန်မာအစိုးရထံ လွှဲပြောင်းပေး

29 Mar 2017

ရခိုင်ပြည်နယ် တောင်ပိုင်းရေလမ်းခရီးမှာအသုံးပြုဖို့အတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းတဲ့ ရေယာဉ်သုံးစီးအနက် “ကစ္ဆပနဒီ (၁) " ခရီးသည်တင် အမြန်ရေယာဉ်ကို မြန်မာနိုင်ငံအစိုးရသို့ ယနေ့ မတ်လ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်မှာ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် လက်မခံဟုဆိုကြ

28 Mar 2017

ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာ အချက်အလက်ရှာဖွေ ရေးအဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံးစေလွှတ်ဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လ ၂၄ ရက်နေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဘင်္ဂလီအကြမ်းဖက်သမားတွေက နယ်ခြားစောင့်

လိပ်ကျွန်းအမှု ထပ်မံအယူခံဝင်သွားမည်ဖြစ်ပြီး မအောင်မြင်ပါက ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံမည်

05 Mar 2017

လိပ်ကျွန်းလူသတ်မှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွေတရားရုံးမှာ ၂၀၁၅ ခုနှစ်ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့်ဇော်လင်း တို့ကို အယူခံတင်ပြထားသော်လည်း ထိုင်းအောက်တရားရုံးက အယူခံကို ပယ်ချပြီး မတ်လ ၁ ရက်နေ့က သေဒဏ်အမိန့်ကို ထပ်မံအတည်ပြုပေးခဲ့ပါတယ်။

Showing 401-413 of 413 items.