DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၀ ၊ ၁ ၊ ၂၀၁၈)

20 Jan 2018

- ရခိုင်ပြည်နယ်ရဲ့ လက်ရှိမတည်ငြိမ်မှုတွေကြောင့် စစ်တွေမြို့မှာ ပြုလုပ်မယ့် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို ဖျက်သိမ်း

- မြောက်ဦးပဋိပက္ခနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကိုအနှောင့်အယှက်ဖြစ်မှာစိုးရိမ်တဲ့အတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ လုံခြုံရေးကိုတိုးမြှင့်

- ဘင်္ဂလားဒေ့ရှ်က ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂလီတွေကို လက်ခံဖို့ လဝက အရာရှိ ၅၇ ဦး မောင်တောကို ရောက်ရှိ

- နိုင်ငံရေးအသိတွေ ဖွံ့ဖြိုးဖို့ရည်ရွယ်တဲ့ လူငယ်ညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျောက်ဖြူမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၉ ၊ ၁ ၊ ၂၀၁၈)

19 Jan 2018

- မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ပပုဂ္ဂိုလ်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစုံစမ်းဖို့ စစ်တွေမြို့နယ်လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီ တောင်းဆို

- ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် သက်သေတစ်စုံတစ်ရာ မတွေ့ရှိခဲ့

- ရမ်းဗြဲမြို့မှာ မြို့သစ်စီမံကိန်းတစ်ခုကို အစိုးရရဲ့ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေပြီး ပိုလျှံတဲ့မြေတွေကိုလည်း ပြန်လည်ရောင်းချပေးသွားမယ်

- ကျောက်ဖြူဒေသအတွင်းက မျက်စိဝေဒနာရှင်တွေကို MCM ကုမ္ပဏီရဲ့ အကူအညီနဲ့ အခမဲ့စမ်းသပ်ခွဲစိတ်မှုတွေပြုလုပ်ခဲ့တဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၈ ၊ ၁ ၊ ၂၀၁၈)

18 Jan 2018

- မြောက်ဦးပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးရာမှာပါဝင်သွားသူတွေရဲ့ မိသားစုတွေရဲ့ ရင်ဖွင့်သံ

- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပုဒ်မသုံးခုနဲ့ ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထား

- မောင်တောမြို့နယ်မှာ ဘင်္ဂလီတွေက ရခိုင်တိုင်းရင်းသားတွေကို ဝိုင်းရိုက်တဲ့အတွက် တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိ

- ကျောက်ဖြူပြည်သူ့ဆေးရုံကြီးမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆေးပစ္စည်းကိရိယာနှင့် အထူးကုဆရာဝန်ကြီးတွေ လိုအပ်နေ

- နောက်ဆုံးသတင်းအဖြစ် နေပြည်တော်မှာ တိုင်းရင်းသားလူမျိုး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆွေးနွေးပွဲတစ်ခုကို ကျင်းပနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၇ ၊ ၁ ၊ ၂၀၁၈)

17 Jan 2018

- မြောက်ဦးပဋိပက္ခမှာ ရဲတွေ သေနတ်နဲ့ ပတ်ခတ်လို့ သေဆုံးသွားသူတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆို

- မြောက်ဦးပဋိပက္ခမှာ ထိခိုက်သေဆုံးသူတွေအတွက် အစိုးရကတာဝန်ယူပေးဖို့ ပြည်နယ်အစိုးရရုံးရှေ့မှာ လူငယ်တွေ ဆန္ဒပြတောင်းဆို

- မာန်အောင်မြို့နယ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေဟာ အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေ

- ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ လက်နက်ကိုင် နှစ်ဘက်လုံးမှာ တာဝန်ရှိတယ်လို့ JMC-U ဒုတိယ ဥက္ကဌက ပြောဆိုလိုက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၆ ၊ ၁ ၊ ၂၀၁၈)

16 Jan 2018

- သတင်းမီဒီယာလောကထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဦးအောင်လှထွန်းကို ပြန်ကြားရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ်မှာ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ကို မျှော်လင့်

- မောင်တောတောင်ပိုင်းမှာ စိုက်ပျိုးရေးသင်တန်းကျောင်းတစ်ခုတည်ဆောက်ပြီး ငှက်ပျောစိုက်သင်တန်းပေး

- အကြမ်းဖက်မှုတွေကို ကျူးလွန်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရကဖမ်းဆီးပြီး မြန်မာနိုင်ငံကိုလွှဲပြောင်းပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီက တောင်းဆို

- မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှာ ဟိန္ဒူဘာသာဝင်တွေအတွက် ယာယီမိုးကာတဲတွေ တည်ဆောက်ပေးတော့မယ့် သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၅ ၊ ၁ ၊ ၂၀၁၈)

15 Jan 2018

- ရခိုင်ပြည်နယ်မှာ သစ်ထုတ်လုပ်မှုတွေ စနစ်တကျဖြစ်ဖို့နဲ့ သစ်ခိုးထုတ်မှုတွေကို တရားဥပဒေအရ ဖြေရှင်းပေးဖို့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

- မောင်တောဒေသအတွင်း အခြေချနေထိုင်ရန် ရောက်ရှိလာသူတွေအတွက် နေအိမ် ၃၅ လုံးအထိ ဆောက်လုပ်

- ၂၁ ရာစုပင်လုံကို နောက်ဆုတ်ပေးဖို့ NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ တောင်းဆို

- မောင်တောဒေသမှာ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး ဘင်္ဂါလားဒေရှ့်ရောက်နေတဲ့ ဘင်္ဂါလီတွေက မူလနေရာမှာ ချထားပေးဖို့ကို သွေးထိုးပြောဆိုမှုတွေ ရှိနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၄ ၊ ၁ ၊ ၂၀၁၈)

15 Jan 2018

- ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်ပြီးနောက်ပိုင်း ရန်ကုန်ကနေ စားသောက်ကုန်များ အပါအဝင် ကုန်စည်အများဆုံးတင်ပို့နေရ

- ရခိုင်ပြည်နယ်မှာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန တစ်ခုဖွင့်လှစ်သွားမယ်

- NLD ပါတီမှာ လူငယ်မျိုးဆက်သစ်တွေ ထွက်ပေါ်လာစေရန် မာန်အောင်မြို့မှာ ဒုတိယအကြိမ်မြောက် လူငယ်ညီလာခံကို ကျင်းပမယ်

- ကျောက်ဖြူခရိုင် လူရည်ချွန်ပြိုင်ပွဲတွင် ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ကျောင်းသားမိဘတွေက ဝေဖန်လိုက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၃ ၊ ၁ ၊ ၂၀၁၈)

15 Jan 2018

- မာန်အောင်မြို့နယ်မှာ ကျောင်းသူကျောင်းသားတွေရဲ့ ကာယဖွံ့ဖြိုးဖို့အတွက် အားကစားခန်းမနဲ့ ဘောလုံးကွင်း လိုအပ်နေ

- ပုဏ္ဏားကျွန်းမြို့နယ်မှာ ရေငံတားတာဘောင်တွေပျက်စီးပြီး ဆားငံရေဝင်ရောက်မှုကြောင့် လယ်မြေဧက ၃၀၀ ခန့် စပါးမစိုက်ပျိုးလိုက်ရဘူး

- ကျောက်ဖြူပြည်သူ့ဆေးရုံပိုင် မြေနေရာအတွင်းနေထိုင်တဲ့ ဝန်ထမ်းနေအိမ်ကိုဖယ်ရှားဖို့အတွက် ညှိနှိုင်းမှုအဆင်မပြေသေး

- ဘင်္ဂလားဒေရှ့်ဖက်က ဈေးနှိမ်တဲ့အတွက် ရိတ်သိမ်းသူမဲ့စပါးတွေကို ပြည်တွင်းကိုသာ ပို့နေရတယ်ရတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၂ ၊ ၁ ၊ ၂၀၁၈)

12 Jan 2018

- ကမန်တိုင်းရင်းသား အဖြစ်ခံယူနေတာတွေရှိတဲ့အတွက် ဘင်္ဂါလီတွေက ကမန်မဖြစ်စေရေး ကျောက်နီမော်ဒေသခံတွေ ဆန္ဒဖေါ်ထုတ်

- ရခိုင်အမျိုးသားပါတီအတွင်း ဥက္ကဌ တာဝန်ကိုဆက်မထားရန်အတွက် အဆင့်ဆင့်စီစဉ်ထားတယ်လို့ ဒေါက်တာအေးမောင် ပြော

- ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အခက်အခဲရှိတဲ့ကျေးရွာတွေအတွက် ချင်းပြည်နယ်အတွင်းက ကောက်ခံရရှိတဲ့ ငွေကျပ်သိန်း ၆၀ ခန့်ကို လှူဒါန်းသွားမယ် ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၁ ၊ ၁ ၊ ၂၀၁၈)

11 Jan 2018

- မောင်တောဒေသက ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ကျောင်းကြိုပို့ကားတွေ တောင်းဆို
 
- ကျေးရွာ ၇ ရွာကို ဆက်သွယ်ဖောက်လုပ်နေတဲ့ ကျောက်ချောလမ်းကို လမ်းအရည်အသွေးမီဆောင်ရွက်ပေးဖို့လိုလား

- မောင်တောဒေသက ရိတ်သိမ်းသူမဲ့စပါးတွေကို အစိုးရက ရိတ်သိမ်းရောင်းချမှု ရပ်တန့်လိုက်ပြီဖြစ်

- မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ်မှာ သတင်းစာတစ်စောင်ထုတ်ဝေသွားဖို့ရှိ

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၀ ၊ ၁ ၊ ၂၀၁၈)

10 Jan 2018

- မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေဦးဆောင်ပြီး မောင်တောဒေသကို သွားရောက်သတင်းရယူမှုတွေ ပြုလုပ်

- မူးယစ်ဆေးဝါးအန္တရာယ်ကိုဘယ်လိုကာကွယ်သွားမလဲ စတဲ့ခေါင်းစဉ်နဲ့ စစ်တွေမြို့နယ်အတွင်းမှာ ဆွေးနွေး

- မာန်အောင်တစ်ပိုင်တစ်နိုင်ရေလုပ်သားတွေရဲ့ အခက်အခဲတွေကို ပြည်နယ်အစိုးရအနေနဲ့ အကာအကွယ် ပေးသင့်တယ်လို့ ဒေသခံရေလုပ်သားတွေပြော

- BXT အိမ်ယာမြေဖော်ထုတ်မှုကြောင့် ကုန်တင်ကုန်ချလှေလုပ်ငန်းနဲ့ ဝမ်းစာရှာသူတွေ အခက်အခဲကြုံတွေ့နေ စတဲ့ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ် (၈ ၊ ၁ ၊ ၂၀၁၈)

08 Jan 2018

- NVC ကိုင်ဆောင်ချင်တဲ့သူတွေကိုဟန့်တားနောက်ယှက်နေသူတွေရှိနေတဲ့အတွက် NVC လုပ်ငန်း ကြံ့ကြာနေရတယ်လို့ ရခိုင်ပြည်နယ် လဝက ဦးစီးမှူးကပြော

- မိသားစုဝင်တွေစွန့်ပစ်တာကိုခံရတဲ့ ခိုကိုးရာမဲ့ဘိုးဘွားတွေနဲ့ ဒေသအတွင်းက ဘိုးဘွားတွေကို စောင့်ရှောက်နိုင်ဖို့ ကျောက်ဖြူမြို့ ဘိုးဘွားရိပ်သာကိုဖွင့်လှစ်

- ရခိုင်ဒီမိုကရေစီအဖွ့ဲချုပ်ပါတီအနေနဲ့  မြို့နယ်ရုံး ၅ ခုကို ဖွင့်လှစ်ပြီးဖြစ်တဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ် (၇ ၊ ၁ ၊ ၂၀၁၈)

07 Jan 2018

- ဒေါက်တာအေးမောင် နုတ်ထွက်ခွင့်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ဖို့ အချိန်ပေးသွားမှာဖြစ်ပြီး လတ်တလောမှာ ပါတီဥက္ကဋ္ဌနေရာကို ဆိုင်းငံ့ထားဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်

- ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားဖို့စီစဉ်နေတာဟာ ပွင့်လင်းမြင်သာမှုမရှိသလို ဒေသခံလူထုကိုလည်း ချပြမှုမရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ပြောဆို

- ရခိုင်ပြည်နယ်အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးခွင့် မရရှိပေမယ့် ၂၁ ရာစုပင်လုံရဲ့ငြိမ်ချမ်းရေး လုပ်ငန်းစဉ်တွေမှာ ရခိုင်အမျိုးသားပါတီ ပါဝင်သွားမယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၆ ၊ ၁ ၊ ၂၀၁၈)

06 Jan 2018

- ရာသီဥတုအခြေအနေကြောင့် သံတွဲမြို့က ငါးဖမ်းလုပ်ငန်းရှင်တွေမှာ အခက်အခဲတချို့ ရှိနေပေမယ့် ငါးဈေးကွက်တွေကတော့ ပိုကောင်းလာ

- AA စစ်ဦးစီးချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် မီးပုံးပျံလွှတ်တင်တဲ့အတွက် မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ဖမ်းဆီးခံထားရတဲ့ ကိုလှထွန်းကျော်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

- ၂၀၁၇ ခုနှစ်အတွင်း မောင်တောမူးယစ်တပ်ဖွဲ့စု (၄၆) က ဖမ်းဆီးရရှိခဲ့တဲ့ စိတ်ကြွဆေးပြားအရေအတွက် စုစုပေါင်းသိန်းတစ်ရာကျော်အထိ ရှိတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၅ ၊ ၁ ၊ ၂၀၁၈)

05 Jan 2018

- Development Media Group ရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ရခိုင့်အရေးနဲ့ သတင်းမီဒီယာကဏ္ဍကို ဆွေးနွေးသွားမယ်

- ဒေါက်တာအေးမောင်ရဲ့ နှုတ်ထွက်စာအပေါ် ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုးထွက်ပေါ်လာ

- မောင်တောမြို့နယ်မှာ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး ဆွဲမိုင်းဖောက်ခွဲခံရပြီး စစ်ဗိုလ်ကြီးတွေ ထိခိုက်ဒဏ်ရာရရှိ

- ကျောက်ဖြူမြို့ မြစ်ကြောင်းအတွင်းမှာ ငါးတွေရှားပါးလာမှုနဲ့ ကမ်းနီးငါးဖမ်းစက်လှေတွေမှာ ငါးဖမ်းဆီးမယ့်နေရာ အခက်အခဲရှိနေ

- မာန်အောင်မြို့နယ်ကဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိသလို တစ်ချို့ရောဂါတွေကို ဆေးကုသဖို့အတွက် စက်ကိရိယာတွေလိုအပ်နေတဲ့သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၄ ၊ ၁ ၊ ၂၀၁၈)

04 Jan 2018

- ဒိုင်းနက် (ခေါ်) သက္ကမလူမျိုးတွေရဲ့ (၇) ကြိမ်မြာက်အမျိုးသားနေ့ကို ဘူးသီးတောင်မြို့နယ်မှာ  ကျင်းပပြုလုပ်မယ့်

- ဒေါက်တာအေးမောင် နှုတ်ထွက်မယ့်ကိစ္စကို ပြန်လည်စဉ်စားဖို့ အချိန်ပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ မြို့နယ်ခေါင်းဆောင်တွေက အကြံပြုတင်ပြ

- မာန်အောင်မြို့နယ်မှာ ယာဉ်မဆင်မခြင်မောင်းမှုနဲ့ မတော်တဆ ပြုတ်ကျမှုကြောင့် သေဆုံးမှုများနေ

- ရက္ခိတပညာရေးဖောင်ဒေးရှင်းက ကူညီပေးမယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃ ၊ ၁ ၊ ၂၀၁၈)

03 Jan 2018

- မောင်တောဒေသက တိုင်းရင်းသားကျေးရွာတွေမှာ ရေချိုငါးမွေးမြူရေးကန်တွေ ပြုလုပ်ပေးဖို့စီစဉ်

- အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ မျှော်လင့်ချက်နဲ့ မောင်တောဒေသကို မိသားစုအလိုက် ပြောင်းရွှေ့အခြေချ နေထိုင်မှုတွေ များလာ

- စစ်တွေမြေယာဖော်ထုတ်ရေးစီမံကိန်းမှာ အဆောက်အဦး ခိုင်ခံ့စွာတည်ဆောက်လို့ရအောင် ဆောင်ရွက်နေ

- ရသေ့တောင်မြို့နယ်အတွင်းက မီးရှို့ဖျက်စီးခံရတဲ့ စာသင်ကျောင်း ၁၀ ကျောင်းကို ဖွင့်လှစ်နိုင်ခြေမရှိဘူးဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂ ၊ ၁ ၊ ၂၀၁၈)

02 Jan 2018

- စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ရခိုင်ပြည်နယ်လွှတ်တော်က စွပ်စွဲချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝန်ကြီးကိုထောက်ခံတဲ့သူတွေက ပြောဆို

- စည်ပင်ဝန်ကြီး ဦးမင်းအောင်အား စွတ်စွဲပြစ်တင်မှု မှန်ကန်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု

- ပုဏ္ဏားကျွန်းမြို့နယ်မှာ ဆိုင်ကယ်၊ ကားအက်ဆီးဒင်း အဖြစ်များတာဟာ ယာဉ်စည်းကမ်းတွေကို မလိုက်နာတာတွေကြောင့် ဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ကြက်ခြေနီအသင်းက ပြော

- နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းမှုကြောင့် မိုးစပါးစိုက်ပျိုးခင်းတွေနဲ့ ရိတ်သိမ်းပြီးစပါးတွေလည်း ပျက်စီးသွားတာကြောင့် တောင်သူတွေအခက်တွေ့နေကြတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁ ၊ ၁ ၊ ၂၀၁၈)

01 Jan 2018

- ဝန်ကြီးဦးမင်းအောင်ကို ရခိုင်လွှတ်တော်က စွပ်စွဲထားသလို မဟုတ်မှန်ကြောင်း တောင်ကုတ်ဒေသခံတွေ ထောက်ခံပွဲ ပြုလုပ်သွားမယ်

- မြန်မာနိုင်ငံဆရာဝန်များအသင်း (ဗဟို) မှ အထူးကုဆရာဝန်ကြီးတွေ မောင်တောမြို့နယ်မှာ အခမဲ့ ဆေးကုသပေးနေပြီး သွေးအားနည်းတဲ့ရောဂါတွေ အများဆုံးတွေ့နေရ

- ကျောက်ဖြူမြို့နယ်မှာ အစိုးရအဆက်ဆက် အကောင်အထည်ဖော်နေတဲ့ ရွှေသဘာဝစီမံကိန်း၊ ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွေမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးနေရသလို၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ သင်္ဘောကြီးတွေအဝင်အထွက်ကြောင့် ဒေသခံရေလုပ်သားတွေရဲ့ ငါးဖမ်းဖို့နေရာပျောက်ဆုံးသွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ကိုထွန်းကြည်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃၁ ၊ ၁၂ ၊ ၂၀၁၇)

31 Dec 2017

- ရခိုင့်ထီးနန်းပျက်သုဉ်းခြင်း ၂၃၃ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား စစ်တွေမြို့မှာ ပြုလုပ်

- ၂၁ ပင်လုံညီလာခံမှာ လူမျိုးခွဲခြားဆက်ဆံခံနေရတယ်လို့ ရခိုင့်အချုပ်အခြာအဏာကျဆုံးခြင်းနေ့မှာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ထုတ်ပြန်

- ကျောက်ဖြူမှာ သိုင်းလေ့ကျင့်ဖို့ သီးသန့်နေရာမရှိတဲ့အတွက် သိုင်းကစားသမားတွေ အခက်ကြုံတွေ့နေရ

- UEHRD ရဲ့ အစီအစဉ်နဲ့ လူငယ်တွေ မောင်တောဒေသမှာ စာရင်းအချက်အလက်တွေ ကောက်ယူနေပြီး ဒေသခံပြည်သူတွေ စားဝတ်နေရေးကို အဓိကထား တင်ပြကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

Showing 121-140 of 289 items.