- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
၂၀၂၁ မှာ တိမ်းပါးခဲ့ရသည့် ငါးနှစ်အောက် ကလေးငယ်အရေအတွက် ငါးသန်းခန့်ရှိဟု ယူနီဆက်ထုတ်ပြန်
ကလေးမွေးဖွားပြီးနောက် ပထမလအတွင်း အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါကဲ့သို့သော ရောဂါများသည် ကလေးများအတွက် အကြီးဆုံးခြိမ်းခြောက်မှုများ ဖြစ်နေကြောင်း ယူနီဆက်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
12 Jan 2023

ဓာတ်ပုံ - Save The Children
ကမ္ဘာတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်၌ တိမ်းပါးခဲ့ရသည့် ကလေးငယ်အရေအတွက်သည် ခန့်မှန်းခြေ ငါးသန်းခန့် ရှိကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ပြောကြားလိုက်သည်။
ကလေးမွေးဖွားပြီးနောက် ပထမလအတွင်း အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါကဲ့သို့သော ရောဂါများသည် ကလေးများအတွက် အကြီးဆုံးခြိမ်းခြောက်မှုများ ဖြစ်နေကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သည့် ယူနီဆက်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
“မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ဆုံးရှုံးရမှာကို နေ့စဉ်နေ့တိုင်း ဆိုသလို အထိတ်တလန့် ဖြစ်နေရပါတယ်” ဟု ယူနီဆက်မှ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သူ ဗီဒယာဂါနက်ရှ်က ပြောကြားသည်။
လမစေ့ဘဲ မွေးဖွားမှု သို့မဟုတ် ပုံမှန်မဟုတ်သော ကလေးမွေးဖွားမှုများကြောင့် တိမ်းပါးခဲ့ရသူ အရေအတွက်သည် ၂.၃ သန်းခန့်ရှိသည်။
သို့သော်လည်း သေဆုံးမှုအများစုမှာ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ဆေးထိုးနှံမှု၊ အာဟာရပြည့်ဝမှုနှင့် သန့်ရှင်းသောသောက်သုံးရေကဲ့သို့ အထောက်အပံ့များရရှိခဲ့လျှင် အသက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နိုင်သည့် အနေအထားတွင် ရှိသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
ကလေးငယ်များအတွက် ကာကွယ်ဆေး ထိုးနှံနိုင်မှုအရေအတွက်သည် ၂၀၂၁ တွင် ကိုဗစ်ကပ်ဘေးကြီးကြောင့် နှစ်သန်းသာရှိခဲ့သည်။ ၂၀၁၉ တွင်ရှိခဲ့သည့် ၆ သန်းနှင့် ယှဉ်ပါက အထူး လျော့နည်းသွားခြင်း ဖြစ်ပြီး အနာဂတ်တွင် ကလေးငယ်များ၏ သေဆုံးမှုပမာဏအတွက် အထူးစိုးရိမ်ဖွယ်ရာ ဖြစ်လျက်ရှိသည်။
၂၀၂၁ ခုနှစ်အတွင်း သေဆုံးခဲ့ရသည့် ငါးနှစ်အောက်ကလေးငယ်များ၏ ထက်ဝက်ကျော်ခန့်သည် အာဖရိကတိုက်ရှိ ဆာဟာရဒေသခွဲမှ ဖြစ်သည်။