- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
စစ်တကောင်းဒေသ ကာနာဖူလီရေလက်ကြားတွင် ရခိုင်သို့ပို့မည့် ကုန်စည် အများအပြားအား ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ မွန်းတည့်ပိုင်းတွင် ဖမ်းမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် (BCG) က စနေနေ့တွင် ထုတ်ပြန်သည်။
31 Aug 2025

စစ်တကောင်းဒေသ ကာနာဖူလီရေလက်ကြားတွင် ရခိုင်သို့ပို့မည့် ကုန်စည် အများအပြားအား ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ မွန်းတည့်ပိုင်းတွင် ဖမ်းမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် (BCG) က စနေနေ့တွင် ထုတ်ပြန်သည်။
လုံခြုံရေး ကင်းလှည့်ချိန်၌ သံသယဖြစ်ဖွယ် ဘုတ်တစ်စင်းကို ရပ်တန့်ပြီး စစ်ဆေးခဲ့ရာတွင် ရခိုင်သို့ပို့ရန် တင်ဆောင်လာသည့် ပဲ ၆၂၀ အိတ်၊ ချင်းတက် ၁၀ အိတ်၊ လုံချည်အထည် ၄၈၀ နှင့် ဆာရီအထည် ၄၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးသည် တာကာငွေ သိန်း ၅၀ ကျော်ခန့်အထိ ရှိသည်ဟု BCG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
BCG ၏ စနေနေ့ ထုတ်ပြန်ချက်၌ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်စည်များကို ရခိုင်ဘက်သို့ တင်ပို့ပြီး အပြန်အလှန်အားဖြင့် ရခိုင်ဘက်မှ ယာဘ စိတ်ကြွဆေးပြားများ တင်သွင်းရန် စီစဉ်ဆောင်ရွက်နေကြကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်များအရ သိထားရသည်ဟု ထည့်သွင်းဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်သည် သြဂုတ်လ ၁၈ ရက်နေ့ကလည်း ကော့ဘဇားခရိုင် အလီအက္ကဘာဒါလီ ဒေသတွင် ရခိုင်ဘက်သို့ တင်ပို့မည့် အာလူးအိတ်ငါးရာကို ဖမ်းမိခဲ့သည်။
သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ကင်းလှည့်မှုများ ပြုလုပ်ခဲ့ပြီး မော်တော်ဘုတ်နှစ်စီးဖြင့် တင်ဆောင်လာသည့် ဘိလပ်မြေအိတ် ၇၅၀ ကို မှောင်ခိုသမား ၂၀ ဦးနှင့်အတူ ဖမ်းမိခဲ့သည်ဟု ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်မှ ကုန်စည်များကို ရခိုင်ဘက်မှ ယာဘစိတ်ကြွဆေး၊ အရက်နှင့် အခြား မူးယစ်ဆေးဝါးများဖြင့် အလဲအလှယ် လုပ်ရန် စီစဉ်နေသည် ဆိုသော သတင်းပေးချက်အရ ယခုကဲ့သို့ ဖမ်းဆီးမိခဲ့ခြင်းဟု သြဂုတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် BCG က ဖော်ပြထားသည်။