- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အမေရိကန် နျူကလီးယားပညာရှင်များကို ရုရှားဟက်ကာများ ပစ်မှတ်ထားတိုက်ခိုက်ခဲ့
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှား၏ နယ်မြေပိုင်နက်များကို ကာကွယ်ရန်အတွက် လိုအပ်လာပါက နျူကလီးယားလက်နက်ကို အသုံးပြုရန် ဆန္ဒရှိသည့်သဘောကို ပြီးခဲ့သောနှစ် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် အရိပ်အမြွက် ပြသခဲ့သည်။
07 Jan 2023
သရုပ်ဖော်ပုံ - Reuters
DMG ၊ ဇန်နဝါရီ ၇
Cold River ဟုအမည်ရသည့် ရုရှားဟက်ကာအုပ်စုသည် ပြီးခဲ့သောနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ နျူကလီးယားသုတေသန ဓာတ်ခွဲခန်းသုံးခုကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှား၏ နယ်မြေပိုင်နက်များကို ကာကွယ်ရန်အတွက် လိုအပ်လာပါက နျူကလီးယားလက်နက်ကို အသုံးပြုရန် ဆန္ဒရှိသည့်သဘောကို ပြီးခဲ့သောနှစ် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် အရိပ်အမြွက် ပြသခဲ့သည်။
အဆိုပါကာလအတွင်း Cold River အဖွဲ့သည် နျူကလီးယားသုတေသန ဓာတ်ခွဲခန်းများဖြစ်သည့် Brookhaven ၊ Argonne နှင့် Lawrence Livermore National Laboratories တို့ကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဟက်ကာများသည် Login ဝင်ရောက်ရမည့် စာမျက်နှာအတုများ ဖန်တီးကာ သိပ္ပံပညာရှင်များထံသို့ အီးမေးလ်ပေးပို့ခဲ့ကြသည်။
Cold River အဖွဲ့သည် ရုရှားတို့ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်းတွင် တိုက်ခိုက်မှုများကို အရှိန်မြင့်ပြုလုပ်လာကြောင်း ဆိုက်ဘာလုံခြုံရေး လေ့လာသူများနှင့် အနောက်နိုင်ငံများ၏ အစိုးရအရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
“ဒီအဖွဲ့တွေဟာ ကရင်မလင်ရဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေကို တိုက်ရိုက် အထောက်အပံ့ပေးနေတာ” ဟု အမေရိကန် ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်သည့် CrowdStrike ၏ ဒုတိယဥက္ကဌ အဒမ်မေယာက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
Cold River သည် ပြီးခဲ့သည့်နှစ် မေလက ဗြိတိန် MI6 ထောက်လှမ်းရေးအဖွဲ့ကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ဥက္ကဌဟောင်းတစ်ဦး၏ အီးမေးလ်များကို ဖွင့်ချခဲ့သည်။ ၎င်းတို့သည် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဥရောပ NGO ဝက်ဘ်ဆိုက်များနှင့် ပုံစံတူ တုပပြုလုပ်ရန်အတွက် ဝက်ဘ်ဆိုက်အမည်များလည်း ဖွင့်လှစ်ခဲ့ကြောင်း ပြင်သစ်ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ SEKOIA.IO ၏ ဖော်ပြချက်များအရ သိရသည်။