- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
သြစတြေးလျပါလီမန်တွင် အဓမ္မပြုကျင့်ခံခဲ့ရဟု အမျိုးသမီးတစ်ဦးစွပ်စွဲ၊ တိုင်ကြားချက် ကိုင်တွယ် ဖြေရှင်းခဲ့ပုံကို ဝန်ကြီးချုပ်တောင်းပန်
လွန်ခဲ့သည့်နှစ်နှစ်က ပါလီမန်တွင် အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲထားသည့်အမျိုးသမီးတစ်ဦးကို ထိုအချိန်က သူ့တိုင်ကြားချက်အပေါ် အစိုးရ၏ လုပ်ငန်းခွင်ယဉ်ကျေးမှုဓလေ့ကို စစ်ဆေးရန် စေခိုင်းခဲ့သည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ပုံနှင့် စပ်လျဉ်းပြီး သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က အင်္ဂါနေ့တွင် တောင်းပန်လိုက်သည်။
25 Feb 2021

လွန်ခဲ့သည့်နှစ်နှစ်က ပါလီမန်တွင် အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲထားသည့်အမျိုးသမီးတစ်ဦးကို ထိုအချိန်က သူ့တိုင်ကြားချက်အပေါ် အစိုးရ၏ လုပ်ငန်းခွင်ယဉ်ကျေးမှုဓလေ့ကို စစ်ဆေးရန် စေခိုင်းခဲ့သည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ပုံနှင့် စပ်လျဉ်းပြီး သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က အင်္ဂါနေ့တွင် တောင်းပန်လိုက်သည်။
မောရစ်ဆင်၏ အာဏာရ လစ်ဘရယ်ပါတီအတွက် သူ့အလားတူအလုပ်လုပ်ခဲ့သည့် အမည်မဖော်ပြထားသည့် လုပ်ဖော်ကိုင်ဘက်တစ်ဦးက ၂၀၁၉ ခုနှစ် မတ်လအတွင်း လက်ရှိကာကွယ်ရေးဝန်ကြီး လင်ဒါရေးနိုးစ်၏ ရုံးခန်းတွင်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း တနင်္လာနေ့တွင် ချန်နယ်လ် ၁၀ နှင့် အွန်လိုင်း သတင်းထုတ်ဝေရေး လုပ်ငန်းတစ်ခုကို အဆိုပါအမျိုးသမီးက ပြောကြားခဲ့သည်။
ထိုနှစ်ဧပြီလအစောပိုင်းတွင် ရဲများကို တိုင်တန်းပြောဆိုခဲ့ကြောင်း သူကပြောကြားခဲ့ပြီး အလုပ်အကိုင် ရှေ့အလားအလာကို ပျက်စီးစေနိုင်မည်ကို စိုးရိမ်ပူပန်မှုများကြောင့် တရားဝင်အမှုဖွင့် တိုင်ကြားချက်ကို မဆောင်ရွက်တော့ရန် ဆုံးဖြတ်ခဲ့သည်။
ယခုအချိန်တွင်တော့ သူမအနေဖြင့် တရားဝင်တိုင်ကြားချက်ဖွင့်ရန်ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
၂၀၁၉ ခုနှစ် ဧပြီလတွင် တိုင်ကြားချက်တစ်ခု လက်ခံရရှိကြောင်း မြို့တော်ရှိ ရဲများက အတည် ပြုပြော ကြားခဲ့သော်လည်း အမျိုးသမီးသည် တရားဝင်တိုင်ကြားချက် မဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ရဲများက ထို အချိန်ကတည်းက တရားဝင်တိုင်ကြားချက်တစ်ခု ဖွင့်ခဲ့ခြင်းရှိ မရှိဆိုသည်ကို မှတ်ချက်ပေးရန် တောင်း ဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပေ။
ဝန်ကြီးချုပ်မောရစ်ဆင်သည် ထိုအမျိုးသမီးကို အင်္ဂါနေ့က တောင်းပန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။