- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ကုန်ဘောင်ကျေးရွာမှ ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့မှာ ဇွန်လနောက်ဆုံးပတ်တွင် ရာသီတုပ်ကွေးဖြစ်ပွားရာမှ ရောဂါပြင်းထန်လာသဖြင့် အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
04 Jul 2025

DMG ၊ ဇူလိုင် ၄
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းက ခွဆုံ၊ ဥက္ကံ၊ တောင်မြင့်၊ ကုန်ဘောင်နှင့် သျှင်ကျော်၊ စည်းမောင်း၊ ဝက်လှ စသည့်ကျေးရွာများမှ ဒေသခံများမှာ ရာသီတုပ်ကွေးအဖြစ်များနေကြပြီး အသက်ဆုံးရှုံးရသူ နှစ်ဦးထိရှိလာကြောင်း ဒေသခံများက ပြောသည်။
မိုးဦးရာသီ ခြင်ပေါက်ဖွားနှုန်းများလာခြင်းကြောင့် ဇွန်လမှ စတင်ကာ ရာသီတုပ်ကွေး အဖြစ်များလာကြောင်း သိရသည်။
"ကျမတို့ရွာမှာဆို အိမ်တစ်အိမ်မှာ သုံးယောက်ဖြစ်၊ ၄ ယောက်ဖြစ်နဲ့ အများစုဖြစ်နေကြတာ။ ရောဂါက ပြင်းတော့ ဆေးရုံတက်ရတာတွေ ရှိတယ်။ ကျမတို့ မိသားစုထဲက အသက်ကြီးပိုင်းနဲ့ ကလေးတွေ တော်တော်များများ ဖြစ်နေကြတယ်" ဟု မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာမှ အမျိုးသမီးတစ်ဦးက DMG ကို ပြောသည်။
ကုန်ဘောင်ကျေးရွာမှ ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့မှာ ဇွန်လနောက်ဆုံးပတ်တွင် ရာသီတုပ်ကွေးဖြစ်ပွားရာမှ ရောဂါပြင်းထန်လာသဖြင့် အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ်အတွင်းက လေးမြို့ချောင်းဒေသတွင်လည်း ရာသီတုပ်ကွေး အဖြစ်များနေကြောင်း သိရသည်။
"မိုးစရွာကတည်းက ခြင်တွေမှ တအားကိုက်တာ။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက ပိုဖြစ်ကြတာပေါ့။ အိမ်တိုင်းလိုလိုဖြစ်ကြတယ်" ဟု မြောက်ဦးမြို့နယ်၊ လေညင်းတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်တွင် ယခုနှစ်မိုးတွင်းကာလ ခြင်ပေါက်ဖွားမှုနှုန်းမြင့်တက်နေပြီး ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါ အဖြစ်များနေကြသည်။ ရောဂါပြင်းထန်မှုနှင့် ဆေးဝါးလက်လှမ်းမမှီမှုတို့ကြောင့် သေဆုံးသူဦးရေ တိုးလာနေသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မြို့နယ်အချို့တွင် ခြင်ဆေးဖြန်းပေးခြင်း၊ မြေပြင်ကွင်းဆင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်နေသော်လည်း ဝေးလန်ခေါင်ဖျားဒေသများမှ ဒေသခံများမှာ ကျန်းမာရေး လက်လှမ်းမီမှုမရှိ ဖြစ်နေကြသည်။