- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရုရှားစစ်တပ် လေ့ကျင့်ရေးစခန်းမှာ သေနတ်သမားများ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး
ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းထားသူများအား သေနတ်သမား နှစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရသူလည်း ၁၅ ဦးရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရုရှားသတင်းဌာန RIA က ဖော်ပြသည်။
17 Oct 2022

‘နာဇီဝါဒ ကင်းပတဲ့ကမ္ဘာကြီးအတွက်’ဟု အဓိပ္ပာယ်ရသည့် စာများဖြင့် ဖော်ပြထားသည့် ဆိုင်းဘုတ်ကြီးတစ်ခုအား ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရုံးအနီးတွင် တွေ့ရစဉ်။ ဓာတ်ပုံ - AFP
DMG ၊ အောက်တိုဘာ ၁၇
ရုရှားနိုင်ငံအရှေ့တောင်ဘက် ယူကရိန်းနယ်စပ်ရှိ ဘဲလ်ဂိုရော့ဒေသတွင် စစ်တပ်လေ့ကျင့်ရေးနေရာတစ်ခု၌ စနေနေ့က သေနတ်သမားများ ပစ်ခတ်မှုကြောင့် အရန်တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းထားသူများအား သေနတ်သမား နှစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရသူလည်း ၁၅ ဦးရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရုရှားသတင်းဌာန RIA က ဖော်ပြသည်။
သေနတ်သမားနှစ်ဦးအား အသေပစ်ခတ်ခဲ့ကြောင်းလည်း သတင်းဌာနက ဖော်ပြသည်။ သေဆုံးသူအရေအတွက်သည် ယခုထက်ပိုများနိုင်ကြောင်း ရုရှားသတင်းဌာနအချို့က ဖော်ပြကြသည်များ ရှိသည်။ သေနတ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိပေ။
“(ယူကရိန်းအပေါ်) အထူးစစ်ဆင်ရေး အတွက် မိမိဆန္ဒအလျောက် စာရင်းပေးသွင်းထားသူတွေကို လက်နက်သင်တန်း ပေးနေချိန်မှာ အကြမ်းဖက်သမားတွေဟာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားကြောင်း RIA က ထုတ်လွှင့်ကြေညာခဲ့သည်။
ယူကရိန်းသမ္မတ၏ အကြံပေးတစ်ဦးဖြစ်သူ အိုလက်စီအာရီစတော့ဗစ်က တိုက်ခိုက်သူများသူ တာဂျစ်ကစ္စတန်နိုင်ငံမှဖြစ်ကြောင်း ယူကျု့အင်တာဗျူးတစ်ရပ်တွင် ဖြေကြားထားသည်။
အာရီစတော့ဗစ်၏ ဖြေကြားချက်နှင့် တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက်ကို ရိုက်တာသတင်းဌာနဘက်က သီးခြား အတည်မပြုနိုင်သေးပေ။