- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ဘန်ကောက်တွင် ဈေးဝယ်စင်တာတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး
ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဈေးဝယ်စင်တာတစ်ခုအတွင်း လူတစ်ဦး၏ သေနတ်နှင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။
19 Feb 2020

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဈေးဝယ်စင်တာတစ်ခုအတွင်း လူတစ်ဦး၏ သေနတ်နှင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။
ယင်းပစ်ခတ်မှုသည် ပုဂ္ဂိုလ်ရေးရန်ငြိုးရန်စကြောင့် ဖြစ်သော ပစ်ခတ်မှုဖြစ်ပြီး ဘန်ကောက်မြို့ Century The Movie Plaza တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေနတ်သမားမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
သေနတ်သမား ထွက်ပြေးလွတ်မြောက်သွားသော်လည်း ၎င်း၏ပုံပန်းသွင်ပြင်ကိုသိရှိထားပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေပြီဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
သေနတ်သမားသည် ဈေးဝယ်စင်တာအတွင်းရှိ သူ၏ဇနီးဟောင်း အလုပ်လုပ်ရာ အလှပြုပြင်ဆေးခန်းအတွင်း ဝင်ရောက်ပြီး သူ၏ဇနီးဟောင်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ပစ်ခတ်မှုကြောင့် အဆိုပါဇနီးဟောင်းသေဆုံးပြီး ဘေးနားရှိ အခြားအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသွားသောအမျိုးသမီးကို ဖယားထိုင်းနာဝါမင်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကာ ဒဏ်ရာအခြေအနေမှာ ပြင်းထန်သည်ဟု မျက်မြင်တွေ့လိုက်ရသူများ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။
ပစ်ခတ်မှုဖြစ်ပွားသော Century The Movie Plaza သည်၎င်း၏အပေါ်ဆုံးထပ်ရှိ ရုပ်ရှင်ရုံကြောင့် နာမည်ကျော်သည့် နေရာတစ်ခုဖြစ်ပြီး ယခုအခါ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာကိုသာ ပိတ်ထားကာ ဈေးဝယ်စင်တာကို ပုံမှန်ဆက်လက် ဖွင့်လှစ်လျက်ရှိသည်။
ယခုပစ်ခတ်မှုသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ နာခွန်ရက်ချာဆီမာမြို့ရှိ Terminal 21 ဈေးဝယ်စင်တာတွင် လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရသော သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ၁၀ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းပစ်ခတ်မှုကျူးလွန်သူကို ရဲများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်။